Thursday, January 25, 2018

ကြည့်မြင်တိုင်မြို့နယ် အောက်ရုံကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

Image may contain: one or more people and night
ရန်ကုန် ဇန်နဝါရီ ၂၄
ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်တစ်ဖက်ကမ်းရှိ စက်ဆန်း အောက်ရုံ အလတ်ချောင်းရပ်ကွက်အုပ်စု အောက်ရုံကျေးရွာ သိင်္ဂီရွှေဝါလမ်းရှိ ဒေါ်ခင်တင့်ပိုင်ဆိုင်သော အိမ်မှစတင်၍ ဇန်နဝါရီ ၂၃ ရက် ည ၁ဝ နာရီက မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းရာသို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁၈ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖွဲမီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းခြင်းဖြစ်ပြီး ည ၁ဝ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ည ၁ဝ နာရီ ၃၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်း၊ မီးလောင်ကျွမ်းခြင်းကြောင့် ဖွဲဂိုဒေါင် အပါအဝင် အိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ရွှေတိုင်လွင်

No comments:

Post a Comment