Thursday, January 25, 2018

ညောင်ချောင်းသာအပန်းဖြေကမ်းခြေဖွင့်ပွဲ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်၊ အပန်းဖြေသူများဖြင့်စည်ကားနေ

Image may contain: one or more people, people standing and outdoor
ညောင်တုန်း ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ ရန်ကင်းစံရွာ ကျေးရွာသဘာဝသဲသောင်ပြင်(ညောင်ချောင်းသာကမ်း ခြေ)ပေါ်တွင် ရိုးရာဆင်အကအဖွဲ့၊ ကရင်ဒုံးယိမ်းအဖွဲ့၊ မြန်မာဆိုင်းဝိုင်းကြီးများဖြင့် ညောင်ချောင်းသာအပန်းဖြေ ကမ်းခြေဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် ညနေ ပိုင်းက စည်ကားစွာကျင်းပခဲ့ကြောင်းသိရသည်။ အခမ်း အနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှ မိုးအောင်နှင့် တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသွင်ကို ကိုမင်းနှင့်ဦးအောင်မျိုးဝင်းတို့ကဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ရာ တိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဝန်ကြီးများနှင့်အဖွဲ့ဝင်များတက်ရောက်သည်။
အဆိုပါညောင်ချောင်းသာအပန်းဖြေ ကမ်းခြေသည် သဘာဝသဲသောင်ပြင်ပေါ်ထွန်းလျက်ရှိရာ အပန်းဖြေသူ ဧည့်သည်များအား အနားယူအပန်းဖြေနိုင်ရန် ဘန်ဂလိုနှင့် သီးသန့်နားနေဆောင်များနှင့် ဆိုင်ခန်းပေါင်း ၅ဝ ကျော်ကို စနစ်တကျ ဆောက်လုပ်ပေးထားသည်။ ဖွင့်ပွဲအထိမ်း အမှတ်အဖြစ် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် လာရောက်လည်ပတ်ကြသော အပန်းဖြေသူများအား ပက်စ်ပစီအအေးဘူးများ၊ မုန့်များ ဖြင့် ဧည့်ခံကျွေးမွေးပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်၍ ကမ်းခြေတစ်လျှောက်လှည့်လည်လေ့လာ ပြီး အပန်းဖြေကြသည်။
အဆိုပါညောင်ချောင်းသာကမ်းခြေသည် လေကောင်း လေသန့်ရရှိ၍ ကျန်းမာရေးအတွက် ကောင်းမွန်ပြီး စိတ်လန်းဆန်းကာ စားသောက်ဖွယ်ရာများ စိတ်တိုင်းကျ မှာယူသုံးဆောင်နိုင်ပြီး အနားယူနိုင်သောနေရာတစ်ခုဖြစ် သည်။ ရန်ကုန်မြို့မှ ၃၄ မိုင်သာကွာဝေးပြီး အပန်းဖြေ လာရောက်လည်ပတ်မည်ဆိုပါက လှိုင်သာယာ(ဒဂုံဧရာ)အဝေးပြေးဂိတ်ရန်ကုန်မြို့မှ တစ်နာရီအချိန်တိုအတွင်း(နေ့ ချင်းပြန်) သက်သောင့်သက်သာ၊ အကုန်အကျနည်းနည်းဖြင့် လာရောက်လည်ပတ်နိုင်သော အပန်းဖြေအနားယူစရာနေရာတစ်ခုဖြစ်ကြောင်းသိရသည်။
ထွန်းကျော်(ညောင်တုန်း)

No comments:

Post a Comment