Tuesday, January 2, 2018

(၂၃)ကြိမ်မြောက် ရဲချုပ်ဒိုင်း တောတွင်းခရီးကြမ်းငါးမိုင် အပြေးတက်ပြိုင်ပွဲတွင် ဒုတိယဆုရ အသင်းသားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

Image may contain: 1 person, standing
စစ်တွေ ဇန်နဝါရီ ၁
မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၂၃)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း တောတွင်းခရီးကြမ်း ငါးမိုင် အပြေးတက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးကိုယ်စားပြု အသင်းသားများအား ဂုဏ်ပြုဆုငွေ ပေးအပ် ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ်(၃၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် အမှတ်(၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြဝင်းက အောင်ပွဲရ အသင်းသားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး အောင်ပွဲရအသင်းသားများကိုယ်စား ဒုတိယရဲအုပ် ထွန်းထွန်းက ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ရဲမှူးချုပ် မြဝင်းက ဒုတိယဆုရ အသင်းသားများအား ဂုဏ်ပြုဆု ငွေကျပ် ၉ဝဝဝဝဝ ချီးမြှင့်ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက ဒုတိယဆုရ အသင်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
(၂၃)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း တောတွင်းခရီးကြမ်း ငါးမိုင် အပြေးတက်ပြိုင်ပွဲကို ဒီဇင်ဘာ ၃ဝ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး ရဲတပ်ဖွဲ့ခွဲအသီးသီးမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၄၁ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဟန်လင်းနိုင်(စစ်တွေ- ကိုယ်ပွား)

No comments:

Post a Comment