Monday, January 29, 2018

ရှမ်းယူနိုက်တက် အိမ်ကွင်း၌ ဟံသာဝတီကို အနိုင်ယူ

Image may contain: 3 people, people smiling, beard and outdoor
ရန်ကုန် ဇန်နဝါရီ ၂၈
၂ဝ၁၈ ရာသီ MNLအမှတ်ပေး ပြိုင်ပွဲ ပွဲစဉ်(၃)ဒုတိယနေ့ကို ယနေ့ ညနေပိုင်းက ဆက်လက်ကျင်းပရာ ရန်ကုန်၊ ရှမ်းယူနိုက်တက်နှင့် ဇွဲကပင် အသင်းတို့ နိုင်ပွဲများရရှိခဲ့သည်။
(တောင်ကြီးကွင်း)
ရှမ်းယူနိုက်တက် - နှစ်ဂိုး
ဟံသာဝတီ - တစ်ဂိုး
ရှမ်းယူနိုက်တက်အသင်းသည် ထိပ်ဆုံးတွင် ရာနှုန်းပြည့်နိုင်ပွဲရထား သည့် ရတနာပုံနှင့် ရန်ကုန်ကို အမီ လိုက်နိုင်ရန် အိမ်ကွင်းတွင် အမှား မခံဘဲ နိုင်ပွဲရယူနိုင်ခဲ့သည်။ ခြေစွမ်း အရ ကွာခြားမှုမရှိသော်လည်း ရှမ်း ယူနိုက်တက်အသင်းက ပွဲအစတွင် ဂိုးစောစောစီးစီးရခဲ့သည့်အပြင် နှစ် ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သောကြောင့် အမှတ်ပြည့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက် အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ တချို့ပြုလုပ်ခဲ့ပြီး လူငယ်ကစားသမား
ဖြိုးပိုင်စိုးကို အသုံးပြုခဲ့သည်။ သို့သော် ယခုပွဲတွင် ဖြိုးပိုင်စိုးနှင့် ဂိုးသမား သီဟစည်သူတို့ ဒဏ်ရာရခဲ့သော်လည်း ပြင်းထန်မှုမရှိကြောင်း သိရသည်။ ဟံသာဝတီအသင်းမှာမူ အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ရှမ်းယူနိုက်တက်ကို ရင်ဆိုင်ခဲ့သည်။ ပွဲအစ ရှစ်မိနစ်တွင် ဒွေးကိုကိုချစ်က ဂိုးစတင်သွင်းယူခဲ့သောကြောင့် ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်းတွင် ဦးဆောင်ကစားနိုင်ခဲ့သည်။ ဟံသာဝတီအသင်းသည် ချေပဂိုးပြန်ရရန် ကြိုးပမ်း ခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်း ထိန်းချုပ်နိုင်ခဲ့ပြီး ၅၈ မိနစ်တွင် တောင်ပံကစားသမား ရန်နိုင်ဦးက ဒုတိယဂိုးထပ်မံသွင်းခဲ့သည်။ ရှမ်းယူ နိုက်တက်အသင်းသည် နှစ်ဂိုးပြတ်အနိုင်ရပြီးနောက်ပိုင်းတွင် အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ကွင်းလယ်ကစားသမား မတ်ခ်က ဟံသာဝတီအသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သည်။
မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက အိမ်ရှင်စစ်ကိုင်း အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်း၏ ပွဲထွက် လူစာရင်းတွင် မြန်မာ ယူ-၂၁ အသင်း၌ ခြေစွမ်းပြခဲ့သည့် တိုက်စစ်မှူး အီစိုး ပြန်ပါလာပြီး မောင်မောင်လွင်၊ ကြည်လင်းတို့၏ သွင်းဂိုးများဖြင့် သုံးပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ၂၅၊ ၆၈ မိနစ်တွင် မောင်မောင်လွင်၊ ၄၅ မိနစ်တွင် ကြည်လင်းတို့က သွင်းယူခဲ့ပြီး စစ်ကိုင်းအတွက် ချေပဂိုးကို ပွဲပြီးခါနီးတွင် ဇော်ဇင်ဦးက ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ အောင်ဆန်းကွင်း၌ ကျင်းပသည့်ပွဲတွင် ဇွဲကပင်အသင်းက မြဝတီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇွဲကပင်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သန်းထက်အောင်က မိနစ် ၃ဝ တွင် သွင်းယူ ခဲ့သည်။
ပွဲစဉ် (၃) အပြီးတွင် ရတနာပုံနှင့် ရန်ကုန်အသင်းတို့က သုံးပွဲစလုံး အနိုင်ရကာ ကိုးမှတ်ဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက်ဖြင့် ရတနာပုံအသင်းက ထိပ်ဆုံးတွင် ဦးဆောင်နေသည်။ လက်ရှိချန်ပီယံ ရှမ်းယူ နိုက်တက်အသင်းက ခုနစ်မှတ်ဖြင့် နောက်မှလိုက်နေပြီးGFA ၊ မကွေးနှင့် ဇွဲကပင်အသင်းတို့က လေးမှတ်စီ၊ ဟံသာဝတီအသင်းက သုံးမှတ်၊Southern၊ ရခိုင်နှင့် ဧရာဝတီအသင်းတို့က နှစ်မှတ်စီ၊ စစ်ကိုင်းနှင့် မြဝတီအသင်းတို့က တစ်မှတ်စီရထားသည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-အောင်ပိုင် (ရှမ်း)

No comments:

Post a Comment