Wednesday, January 31, 2018

ယီမင် အရှေ့တောင်ပိုင်းရှိ စစ်ဆေးရေးဂိတ်ကို အသေခံကားဗုံးခွဲတိုက်ခိုက်၊ ၁၁ ဦးထက်မနည်းသေဆုံး

Image may contain: 2 people, people sitting and outdoor
အေဒင် ဇန်နဝါရီ ၃ဝ
ယီမင်နိုင်ငံ၌ အာရပ်စော်ဘွားများ ပြည် ထောင်စု(ယူအေအီး)ထောက်ခံသော ဒေသတွင်း တပ်ဖွဲ့များက ထိန်းချုပ်ထားသော စစ်ဆေး ရေးဂိတ်တစ်ခုတွင် ဇန်နဝါရီ ၃ဝ ရက်က အသေခံကား ဗုံးဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွား ခဲ့ရာ လူ ၁၁ ဦးထက်မနည်း သေဆုံးကြောင်း တာဝန်ရှိသူများနှင့် ဒေသခံများက ပြောကြား သည်။
တိုက်ခိုက်
ယီမင်နိုင်ငံ အရှေ့တောင်ပိုင်း ရှာဘွား ပြည်နယ်မြို့တော် အတက်ခ်မြို့ အရှေ့မြောက် ဘက်ရှိ စစ်ဆေးရေးဂိတ်ကို ပစ်မှတ်ထား၍ ထောင်ချောက်ဆင်ဗုံးများ ရှိနေသော မော် တော်ယာဉ်ကို အသေခံဗုံးဖောက်ခွဲသူတစ်ဦး က မောင်းနှင်ကာတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ များက ပြောကြားသည်။
ယင်းတိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးပြီး အခြားသုံးဦး ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ သို့ရာတွင် လူ ၁၂ ဦး သေဆုံးသည်ဟု ဒေသခံ များက ပြောကြားသည်။
သမ္မတ အဗ္ဗဒူလာရာဘူမန်ဆောဟာဒီ အစိုးရက ယာယီမြို့တော်အဖြစ် သတ်မှတ် ထားသော အေဒင်မြို့ကို ထိန်းချုပ်နိုင်ရေး အတွက် ယီမင်အစိုးရတပ်ဖွဲ့များနှင့် ယီမင် တောင်ပိုင်းဒေသမှ ခွဲထွက်ရေးဝါဒီများအကြား တိုက်ခိုက်မှုများဖြစ်နေစဉ်တွင် ယင်းအသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယီမင်နိုင်ငံအနောက်မြောက်ပိုင်း၌ အီရန် ၏ မဟာမိတ်ဟူသီသူပုန်များအား ဆော်ဒီ အာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က စစ်ရေးအရ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာ နိုင်သည့် ဘေးအန္တရာယ် ရှိနေသည်။
ယူဆရ
စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုနှင့်ပတ်သက် ၍ တာဝန်ရှိကြောင်း မည်သည့်အဖွဲ့အစည်း ကမျှ ပြောကြားခြင်း မရှိသော်လည်း ယင်း ဒေသတွင်း၌ ယခင်က စစ်ရေးအရ တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည့် အာရေဗျကျွန်းဆွယ် အယ်လ်ခိုင်ဒါအဖွဲ့ (အေကျူအေပီ) ၏ လက်ချက်အဖြစ်ယူဆရကြောင်း သတင်းတွင် ဖော်ပြသည်။
ကြိုးပမ်း
ဟူသီသူပုန်တပ်ဖွဲ့များက ယီမင်နိုင်ငံ မြို့တော် အေဒင်မြို့တွင်းသို့ ထိုးဖောက် ဝင် ရောက်ခဲ့ပြီး သမ္မတ ဟာဒီအား ပြည်ပသို့ ထွက်ပြေးစေပြီးနောက် ယူအေအီးနိုင်ငံက ယီမင်ပြည်တွင်း စစ်ပွဲအတွင်း ပါဝင်လာသည်။ ၂ဝ၁၅ ခုနှစ်တွင် ဆော်ဒီအာရေဗျ ဦးဆောင် သည့် ညွန့်ပေါင်းတပ်ဖွဲ့တွင် ယူအေအီး ပါဝင် ခဲ့ပြီး သမ္မတ ဟာဒီ အာဏာပြန်လည်ရရှိရေး ကြိုပမ်းခဲ့သည်။
ဆင်ဟွာ

No comments:

Post a Comment