Thursday, January 25, 2018

ဆီးရီးယားရှိ အိုင်အက်စ်တို့ကို အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် လူ ၁ဝဝဝဝ ကျော် သေဆုံး

Image may contain: one or more people and outdoor
ဒမတ်စကတ် ဇန်နဝါရီ ၂၄
ဆီးရီးယားနိုင်ငံအတွင်းရှိ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင် ရေးအဖွဲ့(အိုင်အက်စ်) စစ်သွေးကြွတို့ကို အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များက တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည့် ၂ဝ၁၄ ခုနှစ် စက်တင်ဘာလမှစ၍ လပေါင်း ၄ဝ ကာလအတွင်း လူပေါင်း ၁ဝဝဝဝ ကျော် သေဆုံးခဲ့ကြောင်း ဆီးရီးယားအရေး စောင့်ကြည့်လေ့လာ သည့် အဖွဲ့က ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားသည်။
အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများအတွင်း ကလေးသူငယ် ၆၅၅ ဦးအပါအဝင် အရပ်သား ၂၈၁၅ ဦး သေဆုံးခဲ့ကြရပြီး အိုင်အက်စ်စစ်သွေး ကြွ ၇၃၉၆ ဦးမှာလည်း သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ပြောကြား သည်။
ဆီးရီးယားနိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းရှိ အိုင်အက်စ်အဖွဲ့၏ အဓိကအမာခံနယ်မြေများ ဆုံးရှုံးခဲ့ရပြီး နောက် ဆီးရီးယားနိုင်ငံနယ်မြေ၏ သုံးရာခိုင်နှုန်းသာ ရှိသည့် အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့်ဒေသကို အမေ ရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း လန်ဒန်အခြေစိုက် ယင်းစောင့်ကြည့်ရေးအဖွဲ့က ပြောကြား သည်။
အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ အထောက်အကူပေးမှုဖြင့် ကာ့ဒ်များဦးဆောင်သည့် ဆီးရီး ယားဒီမိုကရက်တစ်တပ်ဖွဲ့များ (အက်စ်ဒီအက်ဖ်)က ဆီးရီး ယားနိုင်ငံမြောက်ပိုင်းရှိ အိုင်အက်စ် စစ်သွေးကြွများ၏ မြို့တော်အဖြစ် သတ်မှတ်ထားသည့် ရက်ကာမြို့ကို သိမ်းယူနိုင်ခဲ့သည်။
အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများအတွင်း အရပ်သားများသေဆုံးခဲ့ခြင်း ကြောင့် ယင်းညွန့်ပေါင်းအဖွဲ့အား ဖျက်သိမ်းပေးရန် ဆီးရီးယားအစိုးရက ကုလသမဂ္ဂအား တောင်းဆိုခဲ့ သည်။
ဆင်ဟွာ

No comments:

Post a Comment