Friday, January 26, 2018

အီတလီနိုင်ငံ မီလန်မြို့တွင် ခရီးသည်တင်ရထားတစ်စင်း ပြေးလမ်းချော်တိမ်းမှောက်၊ အနည်းဆုံး လေးဦးခန့် သေဆုံး

Image may contain: 1 person, outdoor
မီလန် ဇန်နဝါရီ ၂၅
အီတလီနိုင်ငံမြောက်ပိုင်းတွင် ခရီးသည်တင် ရထားတစ်စင်း ပြေးလမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလေးဦးခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ယနေ့ သတင်းများအရ သိရသည်။
ဇန်နဝါရီ ၂၅ ရက် နံနက် ၇ နာရီဝန်းကျင်တွင် အီတလီနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မီလန်မြို့ ဆင်ခြေဖုံးတစ်နေရာတွင် အဆိုပါ ရထား လမ်းချော်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါမတော်တဆဖြစ်ပွားမှုကြောင့် ခရီးသည်လေးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁ဝဝ ခန့်ရှိကြောင်း ဒေသန္တရမီဒီယာက တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။
ရထားပြေးလမ်းချော်ပြီးနောက် ရထားအတွင်းပိတ်မိနေသည့် ခရီးသည် များအား ရဲအရာရှိများနှင့် ကယ်ဆယ်ရေးလုပ်သားများက လိုက်လံရှာဖွေ ကယ်ဆယ်လျက်ရှိသည်။
အဆိုပါရထားသည် ခရီးသည် ရာပေါင်းများစွာတင်ဆောင်ကာ ခရီမိုနာ မြို့မှ မီလန်အလယ်ပိုင်းသို့ ဦးတည်သွားခဲ့ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment