Monday, January 1, 2018

လူ့အခွင့်အရေးနှင့် အမျိုးသမီးစွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

Image may contain: 1 person, sitting and indoor
ဆီဆိုင် ဒီဇင်ဘာ ၃၁
လူ့အခွင့်အရေးနှင့် အမျိုးသမီး စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ချယ်ရီပုံရိပ် (CHERRY IMAGE) အဖွဲ့မှ တာဝန်ခံ ဒေါ်ချိုမြဦးက ချယ်ရီပုံရိပ် အဖွဲ့သည် ၂ဝ၁၄ ခုနှစ်မှစ၍ အခြေခံ ပြည်သူလူထုများရှိသော ရှမ်း ပြည်နယ်(တောင်ပိုင်း) ကျေးရွာများသို့ လှည့်လည်၍ ဒီမိုကရေစီနှင့် အခွင့် အရေးများအကြောင်း၊ အခွင့်အရေး နှင့် တာဝန်ခံမှု၊ တာဝန်ယူမှုစသည့် ဗဟုသုတများကို ဆွေးနွေးဟောပြော ခဲ့သည်။
ထို့နောက် ဒေါ်နှင်းနန္ဒာအောင်က အမျိုးသမီးများတွင်ရှိသည့် အခွင့်အရေး များကို သိရှိစေကာ ရိုးရာယဉ်ကျေး မှုများ ကန့်သတ်ထားသည့်အတွက် အမျိုးသမီးများ ပညာရပ်ဆိုင်ရာ တချို့ ကိစ္စများကို နောက်ကျခဲ့ရကြောင်း ပြောကြားခဲ့ပြီး ဒေါ်ဖြိုးမာလာက ကျား၊ မ ရေးရာ တန်းတူညီမျှရေးနှင့် အစိုးရ နှင့် ချိတ်ဆက်ဆောင်ရွက်ပုံ စည်းရုံး လှုံ့ဆော်မှုများကို ဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသူ များက မရှင်းလင်းသောအချက်များ ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဆီဆိုင် မြို့နယ်အတွင်းရှိ အမျိုးသမီး စုစုပေါင်း ၃၂ ဦး တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
ခွန်ရဲထွေး(ဆီဆိုင်)

No comments:

Post a Comment