Sunday, December 3, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ပေကျင်းမြို့၌ ကျင်းပမည့်The Fourth World Internet Conferenceသို့ တက်ရောက်ရန် ထွက်ခွာ


Image may contain: 5 people, people smiling, people standing and suit
ရန်ကုန် ဒီဇင်ဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ ကျင်းပမည့်The Fourth World Internet Conference သို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ပြည်သူ့ဆက်ဆံရေးဌာန ဌာနမှူးMr. Qi Qiနှင့် ဒုတိယအတွင်းဝန် Mr. Wang Xiaofengတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်နှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ လိုက်ပါသွားကြသည်။
သတင်းစဉ်

No comments:

Post a Comment