Sunday, December 31, 2017

အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား စားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်

Image may contain: 2 people, people playing sports and table
ရန်ကုန် ဒီဇင်ဘာ ၃ဝ
အားကစားသမားများ၊ နည်းပြများ ချစ်ကြည်ရင်းနှီးမှုရရှိခြင်း၊ စားပွဲတင် တင်းနစ် အားကစား သမားများ၏ အားကစားအဆင့်အတန်းမြင့်မားရေး၊ စားပွဲတင် တင်းနစ်အားကစားနည်း တိုးတက်ပြန့်ပွားစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်နိုင် စေရန်ရည်ရွယ်၍ ၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံ စားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံ စားပွဲတင် တင်းနစ်အဖွဲ့ချုပ်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်က အဖွင့် အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ်ထံသို့ Crown Club မှ အလှူငွေကျပ် နှစ်သိန်းပေးအပ်ရာ ဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အသက် ၁၂ နှစ်အောက် အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲမှ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ခြောက်ဦး၊ အလွတ်တန်းအသင်းလိုက်ပြိုင်ပွဲတွင် အမျိုးသား ၈၆ ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ၁ဝ၇ ဦး၊ အသင်းပေါင်း ၂၈ သင်း ပါဝင်ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းတွင် ဆုများပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ကြေးမုံ

No comments:

Post a Comment