Thursday, December 28, 2017

လီဗာပူးအသင်း ပရီမီယာလိဂ် အဆင့်(၄)တက်လှမ်း

Image may contain: 2 people, people playing sports and outdoor
လီဗာပူးအသင်းသည် ပရီမီယာလိဂ်ပွဲစဉ်(၂ဝ)အဖြစ် ဆွမ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ဆွမ်ဆီးအသင်းကို ငါးဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ပရီမီယာလိဂ်အမှတ်ပေးဇယား ၏ အဆင့်(၄)နေရာသို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။
နည်းပြလက်မဲ့ဖြစ်နေပြီး တန်းဆင်းဇုန်တွင်း ကျရောက်နေသည့် ဆွမ်ဆီးအသင်းကို လီဗာပူးအသင်းက အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပြီး ပထမပိုင်းပွဲကစား ချိန် ခြောက်မိနစ်မှာပင် ကော်တင်ဟို၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။
လီဗာပူးအသင်းနှင့် ဆွမ်ဆီးအသင်းတို့၏ ပွဲစဉ်တွင် လီဗာပူးအသင်းအတွက် သွင်းဂိုးငါးဂိုးကို ကော်တင်ဟိုက တစ်ဂိုး၊ ဖာမီနိုက နှစ်ဂိုး၊ အာနိုးက တစ်ဂိုးနှင့် ချန်ဘာလိန် က တစ်ဂိုးအသီးသီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
လီဗာပူးအသင်းသည် ပွဲစဉ်(၂ဝ)အပြီးတွင် ပရီမီ ယာလိဂ်အမှတ်ပေးဇယား၌ ရမှတ် ၃၈ မှတ်ရရှိထားကာ အဆင့်(၅)နေရာမှ စပါးအသင်းကို တစ်မှတ်ဖြတ်ထားနိုင် ခဲ့သည်။
လီဗာပူးအသင်းသည် ဆာလက်၊ ကော်တင်ဟို၊ ဖာမီနို စသည့်ကစားသမားများကို တိုက်စစ်ပိုင်းတွင် အသုံးပြု ကာ ဧည့်သည် ဆွမ်ဆီးအသင်းကို ဖိအားပေးကစားနိုင် ခဲ့သည်။
ဆာလက်သည် ၎င်း၏ ပြီးခဲ့သည့် ပရီမီယာလိဂ် ၁၅ ပွဲတွင် သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သော်လည်း ယခု ဆွမ်ဆီးအသင်းနှင့် ပွဲစဉ်တွင်မူ ဂိုးရရှိနိုင်မည့် အခွင့်အရေးကောင်းများကို ဖြုန်းတီးပစ်ခဲ့မှု များပြားခဲ့ သည်။ ထို့ကြောင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၏ သွင်းဂိုး ၁၈ ဂိုးဖြင့် ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီရန် ခက်ခဲသွားခဲ့သည်။ သို့ရာတွင် ဆာလက်သည် ပရီမီယာ လိဂ်ပွဲ ၂ဝ တွင် သွင်းဂိုး ၁၅ ဂိုးနှင့် ဂိုးဖန်တီးပေးနိုင်မှု ငါးကြိမ်အထိ ရှိခဲ့သည်။
ငွေကြယ်

No comments:

Post a Comment