Sunday, December 3, 2017

အလုပ်တိုင်းမှာ အခက်အခဲဆိုတာရှိတာမို့ ဘယ်လို အခက်အခဲဖြစ်စေ ရင်ဆိုင်နိုင်ပါစေ

Image may contain: 1 person, standing
ရန်ကုန်တက္ကသိုလ် RC ခန်းမ၌ လူငယ်အများစုက စင်မြင့်ထက်မှ ဦးဆောင်ဆွေးနွေးသူများ၏ ဆွေးနွေးမှုများအပေါ် စိတ်ပါဝင်စားစွာ စီးမျောနေကြသည်။
''ဒီပွဲမှာ လူကြီးတွေထက် လူငယ်တွေကပိုများတယ်၊ စိတ်ဝင်တစားနဲ့ လာရောက်တဲ့ လူငယ်အများကြီးရှိတာကိုပဲ ကျွန်တော် ပျော်ရွှင်မိပါတယ်''
အဆိုပါ စကားကို ပြောကြားသူကတော့ အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ်ဖြင့် တစ်ရှိန်ထိုး နာမည်ကျော်ကြားလာခဲ့သည့် လူငယ်အဆိုတော်အောင်ထက် ဖြစ်သည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဒုတိယ နေ့ဖြစ်သည့် ယနေ့တွင် လူငယ်ဆိုင်ရာဆွေးနွေး ပွဲအဖြစ် လူငယ်အဆိုတော် အောင်ထက်နှင့် စာရေးဆရာမ ပုညခင်တို့က အနုပညာလိုက်စား ခေါင်းစဉ်ကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
''ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ကိုယ်တိုင် ရှာဖွေဖို့ ကြိုးစားနေတဲ့ လူငယ်တွေလည်း အများကြီးရှိမှာပါ၊ အချို့ကတော့ မတွေ့သေး လို့ပါ၊ ဒီပွဲမှာ ညီမလေးတစ်ယောက်က ပါဝင် ဆွေးနွေးလို့ ကျွန်တော်ပြောပြခဲ့တယ်၊ ဝါသနာ မပါဘူးဆိုပေမယ့်လည်း ကိုယ့်ဘဝအတွက် လုပ်သင့်တဲ့ အလုပ်တစ်ခုကို လုပ်ဖြစ်ကြမှာပါ၊ လုပ်ရင်းနဲ့ ဝါသနာမပါဘူးဆိုရင်တောင် စိတ် ပါလက်ပါတည်ဆောက်ရမယ့် ဘဝတစ်ခုဖြစ် လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်'' ဟု လူငယ်အဆိုတော် အောင်ထက်က ဆိုသည်။
ယနေ့ပွဲတွင် အပြန်အလှန် ပါဝင် ဆွေးနွေးသူများကြောင့် မိမိကိုယ်တိုင်လည်း မသိနိုင်သည့်အရာများကို သိခဲ့ရသည်ဟုလည်း ¤င်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင်ပါဝင်ဆွေးနွေးသူ မနီလာခိုင် က ''ကျွန်မ ၁ဝ နှစ် အရွယ်လောက် က အမြင်အာရုံ ချို့ယွင်းခဲ့ပါတယ်၊ ဖြစ်စအချိန် မှာ စိတ်ဓာတ်တွေ ကျခဲ့တယ်၊ အိမ်က မိသားစုဝင်တွေက အားပေးတဲ့အတွက် ခွန်အားသစ်တွေ ရခဲ့တယ်၊ သီချင်းတွေ နားထောင်တဲ့အခါ စိတ်တွေကြည်နူးလာတယ်၊ ဒီအချိန်မှာ သင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ရလာပြီး ကြည့်မြင်တိုင် မျက်မမြင်ကျောင်းကို ရောက်ခဲ့ပါတယ်၊ ဒီမျက်မမြင်ကျောင်းက တက္ကသိုလ်အထိတက်ပြီး ဘွဲ့ရခဲ့တယ်၊ ကျောင်းတက်နေချိန်မှာ စာရေးဆရာတွေ ရေးသားခဲ့တဲ့စာပေတွေကို လေ့လာခွင့် ခံစား ခွင့်ရခဲ့တယ်၊ ဒါကြောင့် စာရေးဆရာတွေ အဆိုတော်တွေက အားဖြစ်စေခဲ့ပါတယ်၊ အနုပညာဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဓာတ် အတွက် အားဆေးတစ်ခွက်ဆိုလည်း မမှား ပါဘူး၊ လူတစ်ဦးချင်းစီမှာ စွမ်းရည်တွေရှိတဲ့ အကြောင်းကိုလည်း သိခွင့်ရတယ်၊ ခြေလက် အင်္ဂါ ချို့ယွင်းတာ၊ မျက်စိမမြင်ပေမယ့်လည်း ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မယ် ဆိုရင် ကြိုးစားတဲ့ အခွင့်အရေးကို ရနိုင်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။
လူငယ်အဆိုတော် အောင်ထက်က အနု ပညာလမ်းပေါ် မလျှောက်လှမ်းမီ အလုပ် တစ်ဖက်နှင့် မိမိဝါသနာပါရာကို မဆုတ်မနစ် ကြိုးစားမှုများကို ဆွေးနွေးပွဲတွင် မျှဝေခဲ့ပြီး ''လူငယ်တွေ ကိုယ့်အနာဂတ်ကို ကိုယ့်စွမ်း ကိုယ်စနဲ့ တည်ဆောက်နိုင်ဖို့လိုပါတယ်၊ အလုပ်တိုင်းမှာ အခက်အခဲဆိုတာရှိတာမို့ ဘယ်လိုအခက်အခဲဖြစ်စေ ရင်ဆိုင်နိုင်ပါစေ၊ ကိုယ်ဖြစ်ချင်တဲ့ အလုပ်အပေါ်မှာ အကောင်း ဆုံးကြိုးစားပြီး အောင်မြင်မှုတွေရရှိပါစေလို့ ဆုတောင်းပေးချင်ပါတယ်''ဟု ပြောသည်။
နန္ဒာဝင်း၊ မြတ်စန္ဒီ၊ ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment