Sunday, December 3, 2017

အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကို မျက်ခြည်မပြတ်ရယူပြီး နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လို

Image may contain: 1 person, sitting and indoor
နေပြည်တော် ဒီဇင်ဘာ ၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် စစ်တွေ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများကို စစ်တွေ တပ်နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
ရှေးဦးစွာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင်က ရခိုင်ပြည်နယ်အတွင်း နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိမှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးများ ပြည်လည်ပြုပြင်ခြင်းနှင့် အသစ်ကာရံခြင်း အတွက် ဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာတိုင်းရင်းသားများ အား ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမှုတို့ကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံတိုင်းရင်းသားများ၏ လုံခြုံရေးကို စနစ်တကျ ကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကို မျက်ခြည်မပြတ်ရယူပြီး နယ်မြေ လုံခြုံရေး၊ နယ်မြေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုး ရေးနှင့် တိုင်းရင်းသားများအလုပ်အကိုင်ရရှိရေးအတွက် ရခိုင်ပြည်နယ်အစိုးရ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ထိရောက်စွာစီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လည်လက်ခံရာ တွင် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း သေချာစွာစိစစ်၍ လက်ခံရန်လိုပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း၊ စာရင်း ဇယားများ တိကျမှန်ကန်မှုရှိအောင် စိစစ်ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ပြည်သူနှင့် တစ်သားတည်းရှိကြရန် အရေးကြီးကြောင်း မှာကြားသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment