Friday, December 29, 2017

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဝါယာ-သာစည် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှတိုးချဲ့ရေပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိ

Image may contain: outdoor and nature
နေပြည်တော် ဒီဇင်ဘာ ၂၈
ရေစကြိုမြို့နယ် မုံညှင်းကျေးရွာ ဒေသနေတောင်သူများက ဝါယာ-သာစည် မြစ်ရေတင်မှ တိုးချဲ့ရေပေးဝေနိုင်ရေး တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး၏ စီမံမှုအရ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝါယာ-သာစည် မြစ်ရေတင်လုပ်ငန်းတွင် မြေယာဧက ၁၅ဝဝ ခန့်အား တိုးချဲ့ရေပေးဝေနိုင်ရေး ရေသောက်စနစ်သစ် တိုးချဲ့တည်ဆောက်ခြင်း၊ ရေတင်စက်တပ်ဆင်ခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းခြင်းနှင့် မူလရေပေးမြောင်းမကြီးအား တိုးချဲ့ရေပေးလွှတ်နိုင်မည့် ဒီဇိုင်းကျု့ဆက်ရအောင် တိုးချဲ့တည်ဆောက် နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေပြင်အသေးစိတ် တိုင်းတာခြင်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဒီဇိုင်းရေးဆွဲ တွက်ချက်လျက်ရှိသည်။
ဝါယာ-သာစည် လျှပ်စစ်မြစ်ရေတင်မှာ လက်ရှိ မိုးစပါးဧက ၂၄၅ဝ ကို စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ရေသောက်စနစ် တိုးချဲ့ဆောင်ရွက်ပြီးစီးပါက ဧက ၁၅ဝဝ ကို ထပ်မံရေပေးသွင်းနိုင်မည်ဖြစ်၍ ရေသောက်ဧက စုစုပေါင်း ၃၉၅ဝ အထိ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ညီညီသန်း(နေပြည်တော်)
ဓာတ်ပုံ - ဆည်မြောင်း

No comments:

Post a Comment