Tuesday, December 26, 2017

စွမ်းအင်ချွေတာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံကိန်း(၂၃)ရပ် တရုတ်နှင့်ဂျပန် သဘောတူညီ

Image may contain: 5 people, text
တိုကျို ဒီဇင်ဘာ ၂၅
တရုတ်နှင့် ဂျပန်နိုင်ငံတို့၏ စွမ်းအင် ချွေတာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ (၁၁) ကြိမ်မြောက် ဖိုရမ်ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ မြို့တော်တိုကျို၌ ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲ တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည့်စီမံကိန်း (၂၃)ရပ်အတွက် သဘော တူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသား ဖော်ပြသည်။
တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဂျပန် နိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန နှင့် ဂျပန်-တရုတ်စီးပွားရေးအသင်းတို့က ပူးတွဲကမကထပြုကျင်းပသော ဖိုရမ် ဆွေး နွေးပွဲသို့ အစိုးရတာဝန်ရှိသူများ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ၊ နှစ်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များနှင့် တက္ကသိုလ် ပညာရှင်များ အပါအဝင် လူပေါင်း ၈ဝဝ ခန့် တက်ရောက်ကြသည်။
တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များ အတွင်း စွမ်းအင်ချွေတာရေး၊ ဖန်လုံအိမ်အာနိ သင်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး၊ ပတ်ဝန်းကျင်နှင့် သဟဇာတရှိစေမည့် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေးတို့နှင့် ပတ်သက်၍ တိုးတက်အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ (၁၉) ကြိမ်မြောက် အမျိုးသား ကွန်ဂရက်အစည်းအဝေးတွင် ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ လည်း မူဝါဒများရေးဆွဲချမှတ်ခဲ့ကြောင်း တရုတ်အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြုပြင် ပြောင်းလဲရေးကော်မရှင် ဒုတိယအကြီးအကဲ ကျန်ယောင်းက ဖိုရမ်ဆွေးနွေးပွဲတွင် ပြော ကြားသည်။
ဆင်ဟွာ

No comments:

Post a Comment