Tuesday, December 26, 2017

ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း၏ သုံးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ




Image may contain: 5 people, people standing and food
 နေပြည်တော် ဒီဇင်ဘာ ၂၅



မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘို ရိတ်သိမ်း ချိန်လွန် နည်းပညာသင်တန်းကျောင်း၏ သုံးနှစ်ပြည့် အထိမ်း အမှတ်အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အမှာစကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ထုံးဘိုဥယျာဉ်ခြံတွင် ရိတ်သိမ်းချိန် လွန်နည်းပညာသင်တန်းကျောင်း (Postharvest Tec-hnology Training Centre - PHTTC) ကို လည်းကောင်း၊ နေပြည်တော်တွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် Agro Machine Training Centre၊ Academic Exchange Activities of Mokpo National University နှင့် Good Agriculture Practice on Rice, Vegetable and Fruit Crops စသည့် စီမံကိန်းများဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။
KOICA ၏ အထောက်အပံ့ဖြင့် ပူးပေါင်းဆောင်ရွက် ခဲ့သည့် ရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်းကျောင်း (ထုံးဘို) တွင် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် နည်းပညာပြန့်ပွား ရေးကို ဆောင်ရွက်ပေးနေသည့် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများကို အဓိကထားပြီး သင်တန်းများ စဉ်ဆက်မပြတ် သင်ကြားပို့ချပေး လျက်ရှိရာ သုံးနှစ်တာကာလအတွင်း စီးပွားရေး လုပ်ငန်းရှင် ၈ဝဝ ခန့်၊ ဝန်ထမ်း ၁၆ဝဝ ခန့် စုစုပေါင်း ၂၄ဝဝ ခန့်ကို သင်တန်းများ ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါ သင်တန်းတက်ရောက်ထားပြီးသော ဝန်ထမ်း များမှတစ်ဆင့် ဆင့်ပွားမှု နည်းပညာပေးလုပ်ငန်းမှ တောင်သူ ၃၆ဝဝ ကျော်ကို နည်းပညာများ လက်ဆင့်ကမ်း မျှဝေပေးနိုင်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment