Sunday, November 12, 2017

ချင်းတွင်းမြစ်ကမ်းဘေးမြို့များတွင် ၂၄ နာရီ ဆိုလာစနစ်ဖြင့် လုံခြုံရေးကင်မရာများ တပ်ဆင်

Image may contain: people sitting and water
မင်းကင်း နိုဝင်ဘာ ၁၁
ချင်းတွင်းမြစ်အတွင်း အစုန်အဆန်ခုတ်မောင်းဖြတ် သန်း သွားလာသောရေယာဉ်များအန္တရာယ် ကင်းရှင်းရေး၊ ခရီးသွားပြည်သူများ ဘေးကင်း လုံခြုံရေးအတွက် ရေယာဉ်များကို ၂၄ နာရီ ဆိုလာ စနစ်ဖြင့် စောင့်ကြည့်သည့် လုံခြုံရေးကင်မရာ (CCTV)များကို စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်း မြစ်ကမ်းဘေးရှိ မြို့များတွင် တပ်ဆင်၍ ရိုက်ကူး မှတ်တမ်းတင်လျက်ရှိကြောင်း ပုဂ္ဂလိကအမြန်ရေ ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ (မင်းကင်း) မှ သိရသည်။
လုံခြုံရေးကင်မရာ(CCTV)များကို စက်တင်ဘာ ၂၉ ရက်က မင်းကင်းမြို့ဆိပ်ကမ်းမှ စတင်၍ တစ်မြို့လျှင် တစ်လုံးစီ တပ်ဆင်နေခြင်းဖြစ်ပြီး အခြားမြို့များဖြစ်သည့် မုံရွာမြို့၊ ကနီမြို့၊ ဖောင်းပြင် မြို့၊ ကလေးဝမြို့၊ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့ဆိပ်ကမ်း များတွင်လည်း ဆက်လက်တပ်ဆင်နေကြောင်း သိရသည်။
''ဆိုလာမီးရောင်အောက်ဆိုတော့ ညအချိန် မြစ်အတွင်း သွားလာလှုပ်ရှားမှုတွေကိုလည်း ကြည်လင်ပြတ်သားစွာမြင်တွေ့ ရတယ်၊ သစ်ဖောင်၊ ဝါးဖောင်၊ စက်လှေ၊ လူစီးအမြန်ယာဉ်၊ ကုန်တင် သင်္ဘောနဲ့ ဇိမ်ခံသင်္ဘော စတာတွေကို CCTV ဖန်သားပြင်ပေါ်ကနေ ရှင်းလင်းစွာ မြင်တွေ့ရ တယ်၊ မကြာခဏဖြစ်တတ်တဲ့ အမြန်ယာဉ်နစ်မြုပ်မှု တွေမဖြစ်ပွားဖို့ ထိန်းချုပ်နိုင်တော့မှာဖြစ်တယ်၊ မြို့နယ်အုပ်ချုပ်ရေးက တာဝန်ရှိသူတွေ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်ရေယာဉ်စစ်ဆေးရေးအဖွဲ့တို့ပူးပေါင်းပြီး တော့ ၂၄ နာရီစောင့်ကြည့်စစ်ဆေးနေပါတယ်'' ဟု ပုဂ္ဂလိကအမြန်ရေယာဉ်များ စနစ်တကျပြေးဆွဲ ရေး ကော်မတီ(မင်းကင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ လုံခြုံရေးကင်မရာတပ်ဆင်ထားသည့် မြို့များရှိ ဆိပ်ကမ်းများတွင်ရေယာဉ်များ ဝင်ထွက် သွားလာမှုကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးက တိုက်ရိုက်စစ်ဆေးစောင့်ကြည့်နိုင်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ချင်းတွင်းမြစ်ကြောင်းအသုံးပြု ခရီးသွားလာနေရသည့် ပြည်သူများ ဘေးကင်းလုံခြုံ စေရေးအတွက်ဖြစ်ကာ ရေယာဉ်များကိုစစ်ဆေးသည့်စစ်ဆေးရေးအဖွဲ့ကိုလည်း မြို့နယ်တိုင်းတွင် ဖွဲ့စည်း၍ ပုံမှန်စစ်ဆေးနေကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲ ရေးဥပဒေတွင် ရေယာဉ်ပိုင်ရှင် သို့မဟုတ် ရေ ယာဉ်အုပ်သည် မိမိခရီးစဉ်တစ်လျှောက်ရှိ ဆိပ်ကမ်း များ၌ ဖွင့်လှစ်ထားသောကော်မတီရုံးများတွင် ရေယာဉ်စစ်ဆေးခြင်းကိုခံယူရမည်ဖြစ်ကြောင်း သိရ သည်။
ချင်းတွင်းသား

No comments:

Post a Comment