Saturday, November 11, 2017

နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ကို နိုင်ငံရေးအနှစ်သာရပြည့်စုံစွာဖြင့် ကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

Image may contain: 2 people, people sitting and indoor
နေပြည်တော် နိုဝင်ဘာ ၁ဝ
၂ဝ၁၈ ခုနှစ် နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ၂ဝ၁၈ ခုနှစ် နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက ယနေ့အစည်းအဝေး သည် ၂ဝ၁၈ ခုနှစ် နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်အောင်မြင်မြင်နှင့် နိုင်ငံရေး အနှစ်သာရ ပိုမို ပြည့်ဝစွာ ကျင်းပ နိုင်ရေးအတွက် ဆောင်ရွက်သည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ၂ဝ၁၈ ခုနှစ် နှစ် (၇ဝ)ပြည့် လွတ်လပ်ရေးနေ့အခမ်း အနားနှင့် ဆက်စပ်အခမ်းအနားများ ကျင်းပသည့်အခါ နိုင်ငံရေး အနှစ်သာရ ပိုမိုပြည့်ဝစွာ ကျင်းပ နိုင်ရန်အတွက် အမျိုးသားရေးဦးတည် ချက်(၅)ရပ်ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်း ကာကွယ်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန် စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့်သင့်တော်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် ''ထာဝရငြိမ်းချမ်းရေး'' ပန်းတိုင်သို့ ရောက်ရှိအောင် ပြည်ထောင်စုတိုင်းရင်း သားအားလုံးမှ နိုင်ငံတော်နှင့်အတူ ပူးပေါင်းပါဝင် ရေး၊ စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်သူ များ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာ အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေးတို့ ချမှတ် ထားပါကြောင်း။
ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပခဲ့ပြီး အစည်း အဝေးဆုံးဖြတ်ချက်(၁၂)ချက် ချမှတ်ထားကာ ယင်း ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ဗဟိုကော်မတီကို အထောက် အကူပြုရန်အတွက် ဆပ်ကော်မတီ(၉)ရပ်ကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို ချမှတ်ထားသည့် အမျိုးသားရေးဦးတည်ချက်များ အတိုင်း အကောင်အထည်ဖော် ကျင်းပသွားရမည် ဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်ပြီး နိုင်ငံရေးအနှစ်သာရ ပြည့်စုံစွာဖြင့် ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ ကော်မတီများအလိုက် ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပြီး အကောင်းဆုံး ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
အခမ်းအနားများကို နှစ်စဉ်ကျင်းပနေသည့် ပုံစံအတိုင်း နံနက်ပိုင်းအစီအစဉ်နှင့် ညနေပိုင်းအစီ အစဉ်ဟူ၍ အစီအစဉ်နှစ်ပိုင်း ခွဲခြားကျင်းပသွားမည် ဖြစ်ပြီး အခမ်းအနားများသို့ နိုင်ငံတော်အကြီးအကဲ များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံခြားသံတမန် များနှင့် ပြည်တွင်းပြည်ပက အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ တက် ရောက်ကြမည်ဖြစ်သဖြင့် ယခင်နှစ်များက ဆောင် ရွက်ခဲ့ကြသည့် အတွေ့အကြုံများအပေါ်အခြေခံ၍ ယခုနှစ်တွင် ချို့ယွင်းချက်၊ အားနည်းချက်များ မရှိ စေရန်နှင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်စေ ရန် ကော်မတီအားလုံးက စေ့စေ့စပ်စပ်ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ဆပ်ကော်မတီ(၉)ခုဖြစ်သည့် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ၊ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်း အနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာ စားပွဲကျင်းပရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့်တာဝန် ရှိသူများက သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ ဆောင် ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတက ဆပ်ကော်မတီများအလိုက် အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်အရာ ရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
သတင်းစဉ်

No comments:

Post a Comment