Thursday, September 21, 2017

သဘာဝသယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ် အသုံးပြုနိုင်အောင် စနစ်တကျထိန်းသိမ်း မြို့ပြဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုများတွင် လိုအပ်သည့်နည်းပညာအဆင့်မြှင့်တင်နိုင်ရန် လိုအပ်



နေပြည်တော် စက်တင်ဘာ ၂ဝ
အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၌ ကျင်းပရာ ဗဟိုကော်မတီနာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးတွင် အမျိုးသား အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟို ကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက မိမိတို့ဗဟိုကော်မတီအနေ ဖြင့် အစည်းအဝေးကျင်းပခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် စတုတ္ထအကြိမ် မြောက်ရှိပြီဖြစ်ပါကြောင်း၊ ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် တစ်ကြိမ်၊ ဒီဇင်ဘာလ တွင်တစ်ကြိမ်နှင့် ၂ဝ၁၇ ခုနှစ် ဇွန်လတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း။
ပြီးခဲ့သည့် အစည်းအဝေးများတွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ပါကြောင်း၊ ဆုံးဖြတ်ချက် စုစုပေါင်း ၅၄ ချက်တွင် ဆောင်ရွက်ပြီး ၁၄ ချက်၊ ဆောင်ရွက်ဆဲ ၃၆ ချက်နှင့် ဆောင်ရွက်ရန် ကျန် လေးချက်ရှိပါကြောင်း၊ ယင်းဆုံးဖြတ်ချက် များကိုလည်း အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေ ပါကြောင်း။
ယင်းဆုံးဖြတ်ချက်များ၊ လုပ်ငန်းစဉ် များကို ခြုံကြည့်မည်ဆိုလျှင် အဓိက အားဖြင့် မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ်များ ရေးဆွဲချမှတ်ရန်၊ ဗဟိုနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအကြား ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် အောက် ခြေအဆင့်အထိ ထိထိရောက်ရောက် အကောင်အထည် ဖော်သွားနိုင်ရန် အတွက် လိုအပ်သည့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လုပ်ငန်းအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန်၊ အသိပညာပြန့်ပွားရေးနှင့် စွမ်းဆောင် ရည် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် ရန်၊ ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် သဘာဝသယံဇာတအရင်းအမြစ်များကို အကျိုးရှိစွာ စဉ်ဆက်မပြတ် အသုံးပြုနိုင် အောင် စနစ်တကျထိန်းသိမ်း ဆောင်ရွက် ရန်၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်ရန်၊ မြို့ပြဒေသပတ်ဝန်းကျင် စီမံခန့်ခွဲမှုများ၊ လိုအပ်သည့် နည်းပညာ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်သွား ရန်ဟူသည့် ဦးစားပေးလုပ်ငန်းစဉ်များ ကို ဆောင်ရွက်အကောင်အထည်ဖော် သွားကြရမည် ဖြစ်ပါကြောင်း။
ယင်းဆုံးဖြတ်ချက်များထဲက မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ အတည်ပြုထုတ်ပြန်နိုင်ရန် ယခုဆိုလျှင် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒနှင့် မဟာဗျူဟာမူဘောင်၊ မြန်မာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကို အဆင့်ဆင့် တင်ပြဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အလားတူ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ကော်မတီများ ကိုလည်း ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်သည် ဟု သိရှိရပါကြောင်း။
ထို့ကြောင့် ပြီးခဲ့သည့်အစည်းအဝေး များတွင် ဆုံးဖြတ်ခဲ့သည့် အချက်များထဲမှ ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်း များဖြစ်သည့် ပညာပေးရေး၊ အသိပညာ ပြန့်ပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင် ရွက်ရမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်မှုများကို အရှိန်အဟုန်မြှင့်ပြီး နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ထို့ပြင် သဘာဝသယံဇာတ အရင်းအမြစ်များကို ထိန်းသိမ်းရန်၊ အကျိုးရှိစွာ စဉ်ဆက် မပြတ် အသုံးပြုနိုင်အောင် စီမံခန့်ခွဲရန်၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ မြို့ပြဒေသ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုများတွင်လည်း လိုအပ်သည့် နည်းပညာ အဆင့်မြှင့်တင်နိုင်ရန်အတွက် ရေရှည်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း။
ပိုမိုထိရောက်အောင် ဆောင်ရွက်
ယင်းလုပ်ငန်းများကို နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်မှုကော်မတီများ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ ဝန်ကြီးဌာနအလိုက် ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ အထူးသဖြင့် ပြန်ကြား ရေးဝန်ကြီးဌာန အောက်တွင်ရှိသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စသည့် ဌာနများအနေဖြင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဆိုင်ရာ ပြည်သူလူထု အသိပညာ ပြန့်ပွားရေးကို အရှိန်အဟုန်မြှင့် ဆောင် ရွက်နေသည်ကို တွေ့ရသည့်အတွက် များစွာ အားရကျေနပ်မိပါကြောင်း၊ ဆက်လက်ပြီးလည်း ပိုမိုထိရောက်အောင် ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း။
အလားတူ အခြားဝန်ကြီးဌာနများ အနေဖြင့်လည်း မိမိတို့၏ လက်ရှိဆောင် ရွက်နေမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများ နှင့် လိုအပ်သလိုညှိနှိုင်းပြီး ပူးပေါင်း ဆောင်ရွက်ကြရန် လိုပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ဏနမ်သမာညေခနကို အခြေခံသည့် ရလဒ် ကောင်းများရရှိစေနိုင်မည့် ပတ်ဝန်းကျင် နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်း များကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကြီးကြပ်မှု ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
အကောင်အထည်ဖော်
မကြာမီတွင် ထုတ်ပြန်မည့် ကဏ္ဍအလိုက်မူဝါဒများ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များနှင့် အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ထိထိရောက် ရောက် အကောင်အထည်ဖော် ဆောင် ရွက်သွားနိုင်ရန်အတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ၊ အစီအမံများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေး တွင် ဦးစားပေးအနေဖြင့် ဆောင်ရွက် မည့်လုပ်ငန်းများကို ဆုံးဖြတ်ချမှတ် ဆောင်ရွက်သွားရန်၊ လက်ရှိဆောင်ရွက် နေဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသည့် ကိစ္စများကို ဆက်လက်အကောင်အထည် ဖော်ရန် လိုအပ်ပါကြောင်း။
လစဉ်တင်ပြ
ဗဟိုကော်မတီအနေဖြင့် ဆောင် ရွက်တိုးတက်မှုအခြေအနေကို လေ့လာ သုံးသပ်နိုင်ရေးအတွက် သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်း ဒေသကြီး၊ ပြည်နယ် ကြီးကြပ်မှုကော်မတီ များနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးအနေဖြင့် ပြီးခဲ့သည့် အစည်း အဝေး သုံးကြိမ်နှင့် ယနေ့အစည်းအဝေး တွင်ချမှတ်မည့် လုပ်ငန်းစဉ်များထဲမှ မိမိတို့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အခြေအနေပေါ်မူတည်ပြီး သင့်လျော်မည့် ဦးစားပေးလုပ်ငန်းများနှင့် ရေတို၊ ရေရှည်လုပ်ငန်းများ ရေးဆွဲချမှတ် ဆောင်ရွက်သွားရန်၊ ဆောင်ရွက်တိုးတက် မှုများကို ဆွေးနွေးကြရန်နှင့် ဗဟို ကော်မတီသို့ လစဉ်တင်ပြကြရန် လိုအပ် ပါကြောင်း။
မိမိတို့ဆောင်ရွက်ရမည့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ သည် နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒအား အကောင်အထည် ဖော်မှုကို အထောက်အကူပြုမည်ဖြစ်ပြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကိုလည်း ထိရောက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ရန်အတွက် ရည်မှန်းပြီး ဆိုင်ရာ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီး တို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့် နေရာတွင် အခက်အခဲရှိနိုင်သော်လည်း ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေး ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားကြ မည်ဆိုလျှင် တွေ့ကြုံရမည့် အခက်အခဲ များ၊ စိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှား သွားနိုင်မည်ဟု လေးလေးနက်နက် ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ဆောင် ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အကြံÓဏ်ကောင်းများ ဆွေးနွေးအကြံ ပြုပေးကြရန်နှင့် အားသာချက်၊ အားနည်း ချက်များကို အပြုသဘောနှင့် ဝေဖန် ထောက်ပြပေးကြရန် တိုက်တွန်းပါ ကြောင်း။
ပြီးခဲ့သည့် တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးတွင်ချမှတ်ခဲ့သည့် ဆုံးဖြတ် ချက်များအနက် အခြားသောကဏ္ဍအလိုက် ဗဟိုကော်မတီများ၏ လုပ်ငန်း စဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရေး နှင့်စပ်လျဉ်းပြီး ယနေ့တက်ရောက်လာ သည့် ဗဟိုကော်မတီဝင်များ၊ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများသည် မိမိပါဝင် ဆောင်ရွက်နေသည့် အခြားသော ကော်မတီများတွင် ပတ်ဝန်းကျင်ဆိုင်ရာ နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာများ ကို ပေါင်းစပ်ဆွေးနွေးပေးရန်နှင့် ယင်း ကော်မတီများက ဆွေးနွေးဆုံးဖြတ်ချက် များကိုလည်း ယနေ့အစည်းအဝေးတွင် ဆွေးနွေးပေးကြရန် အထူးပြောကြားလို ပါကြောင်း၊ သို့မှသာ ဘက်စုံပူးပေါင်း ဆောင်ရွက်မှုကို ရရှိမည်ဖြစ်ပါကြောင်း။
ဗဟိုအဆင့် လုပ်ငန်းကော်မတီများ နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကြီးကြပ် မှုကော်မတီများ၊ အလားတူ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် လုပ်ငန်းကော်မတီများ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာ စေရန်အတွက် ဗဟိုကော်မတီဝင်၊ ဗဟို လုပ်ငန်းကော်မတီဥက္ကဋ္ဌ အပါအဝင် ကော်မတီဝင်များက အခါအားလျော်စွာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ရောက်ရှိသည့်အခါ ဆိုင်ရာကော်မတီဝင် များနှင့် တွေ့ဆုံညှိနှိုင်းပြီး ပေါင်းစပ် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ဗဟိုကော်မတီနှင့် ကော်မတီအသီးသီး က ဆောင်ရွက်မည့် လုပ်ငန်းစဉ်အများ အပြားကို ဆုံးဖြတ်ချမှတ်ခဲ့မှု၊ ယင်း ဆုံးဖြတ်ချက်များထဲမှ မူဝါဒ၊ မဟာဗျူဟာ နှင့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင် ရွက်မှု၊ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေနှင့် လိုက်ဖက်ညီထွေ မှုရှိသည့် အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒကို ထုတ်ပြန်နိုင်ရန် တင်ပြထားမှု၊ ကျန်ရှိနေသည့် အမျိုးသားအဆင့် မဟာဗျူဟာမူဘောင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ နှင့် လုပ်ငန်းအစီအစဉ်၊ အစိမ်းရောင် စီးပွားရေး မဟာဗျူဟာမူဘောင်၊ စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာများကို လည်း ဆက်လက်ပြီး အဆင့်ဆင့် တင်ပြ ရန် စီစဉ်ဆောင်ရွက်နေမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုလျှော့ချရေးဆိုင်ရာ ဦးစားပေးလုပ်ငန်း များအား သတ်မှတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆုံးဖြတ်ပေးရမည့် အချက်များ
ယင်းနောက် မူဝါဒ၊ ဥပဒေ၊ နည်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံòန်းဆိုင်ရာ လုပ်ငန်းကော်မတီ၊ စက်မှုစီမံကိန်းများ၊ မြို့ပြနှင့်ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်း စီမံ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းကော်မတီ၊ သဘာဝသယံဇာတ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျော ညီထွေဖြစ်စေရေး လုပ်ငန်းကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေး၊ ပညာပေးရေးနှင့် အသိပညာပြန့်ပွား ရေးလုပ်ငန်းကော်မတီ၊ အစိမ်းရောင် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ နှင့် ဗဟိုကော်မတီ အတွင်းရေးမှူးတို့က ကော်မတီအလိုက် ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်း စဉ်များနှင့် ဗဟိုကော်မတီမှ ဆုံးဖြတ်ပေးရ မည့် အချက်များကို တင်ပြကြသည်။
ယင်းနောက် အစိုးရမဟုတ်သော အဖွဲ့အစည်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်း နှင့် ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပတ်ဝန်းကျင် ထိခိုက်နိုင်မှု အခြေအနေများနှင့် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို လည်းကောင်း၊ နေပြည်တော်ကောင်စီ နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီ ဥတု ပြောင်းလဲမှုဆိုင်ရာများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက ရှင်းလင်းတင်ပြ ဆွေးနွေးချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ (သတင်းစဉ်)

No comments:

Post a Comment