Thursday, August 31, 2017

ရွှေ၊ ငွေ၊ ကြေး ဆုရ ပိုက်ကျော်ခြင်း၊ ဟော်ကီ၊ တိုက်ကွမ်ဒိုအသင်းများအား ကြိုဆို

Image may contain: 6 people, people smiling, people standing, people sitting and indoor
ရန်ကုန် သြဂုတ် ၃ဝ
(၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲများပြီးဆုံး၍ ပြန်လည်ရောက်ရှိလာသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစား နှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့်အသင်း အုပ်ချုပ်သူများနှင့် နည်းပြအဖွဲ့ဝင်များ၊ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ်တစ်ခုရ အောင်ပွဲရ မြန်မာ့လက်ရွေးစင် အားကစားမောင်/မယ်များ ပါဝင်သည့် ပိုက်ကျော်ခြင်းအသင်း၊ ဒုတိယငွေတံဆိပ်ဆုကိုရယူပေးနိုင်ခဲ့သော ဟော်ကီအသင်း၊ ကြေးတံဆိပ်လေးခုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော တိုက်ကွမ်ဒိုအသင်း၊ ရွက်လှေအသင်း၊ ခရစ်ကတ်အသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့သည် ယနေ့နံနက်ပိုင်းနှင့် ညပိုင်းများတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
အောင်ပွဲရအသင်းများအား အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ခင်လေးနှင့် ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့ချုပ်အသီးသီးမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကုမ္ပဏီဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)သင်တန်းကျောင်းမှ အားကစားမောင်/မယ်များ၊ မိဘဆွေမျိုးများ က အိုးစည်ဒိုးပတ်များတီး၍လည်းကောင်း၊ ပန်းစည်းများ၊ ပန်းကုံးများကမ်း ၍လည်းကောင်း လှိုက်လှိုက်လှဲလှဲစည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုကြ သည်။
(ကြေးမုံ)

No comments:

Post a Comment