Thursday, August 31, 2017

မိုဘိုင်းဖုန်းဘေလ်သုံးစွဲရာတွင် စနစ်တကျ သုံးစွဲတတ်စေရန် ရှင်းလင်းပြောကြား

Image may contain: one or more people, people sitting, shoes, child and outdoor
ယနေ့ကာလ မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းသုံးစွဲလာမှုများ နေ့စဉ်မြင့်တက်လျက်ရှိနေပြီး ဖုန်းလိုင်းကတ်နှင့် ငွေဖြည့်ကတ်များသည်လည်း အရောင်းရဆုံးဈေးကွက်တစ်ခုဖြစ်လာ သည်။ ယနေ့အချိန်တွင် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာသုံးခုရှိပြီးမကြာမီတွင်
အော်ပရေတာအသစ်တစ်မျိုးထပ်မံပေါ်ပေါက်လာတော့မည်ဖြစ်သည်။ မကြာသေးမီက ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာများကို ဖုန်းဘေလ်ဖြတ်တောက်ရာတွင် သတ်မှတ် အတိုင်းအတာတစ်ခုကို ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားသတ်မှတ်ပေးခဲ့သည်။ ၎င်း နောက်ပိုင်းတွင် အော်ပရေတာများ ဖုန်းဘေလ်ပိုမိုဖြတ်တောက်မှုများရှိနေသည်ဟူ၍ သုံးစွဲသူများအကြားပြောဆိုမှုများရှိလာပြီး ထိုအထဲတွင် တယ်လီနော အော်ပရေတာက အများ ဆုံး ဖြတ်တောက်ခံရသည်ဟု ပြောဆိုခြင်းများအပေါ် တယ်လီနော၏ဈေးကွက်ဖော်ဆောင် ရေးအရာရှိချုပ်Joslin Myrthongက ဖုန်းဘေလ်သုံးစွဲမှုနှင့်ကုန်ကျမှုများအပေါ် ရှင်းလင်း ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်းများ အဆင့်မြင့်မားလာမှုနှင့်အတူ Application များကို ပိုမိုအသုံးပြုလာမှုများ ကာ အင်တာနက်ဒေတာ သုံးစွဲမှုများအပေါ် သက်ရောက်မှုရှိနေပြီး ယင်း Applicationsများ အလိုအလျောက် အဆင့်မြှင့်မှုများကြောင့် မလိုလားအပ်ဘဲ၊ မိမိကိုယ်တိုင် မသုံးစွဲလိုက်မိဘဲ မိုဘိုင်းဒေတာများ ကုန်ဆုံးမှု မပေါ်ပေါက်စေရန် နားလည်တတ်ကျွမ်းသူများအား ပြသ၍ သော်လည်းကောင်း၊ မိမိကိုယ်တိုင်သော်လည်းကောင်း ဖုန်း၏ Background Data Restriction ကို ပြုလုပ်ထားခြင်း၊ မိမိဖုန်း၏Hotspot udk Password ဖြင့် ကာကွယ်ထားခြင်း၊ အွန်လိုင်းမှဗီဒီယိုများ ကြည့်ရှုရာတွင် ပြသသည့် အရည်အသွေးကို ချိန်ညှိခြင်း၊Facebook လူမှုကွန်ရက်တွင် ဗီဒီယိုအလိုအလျောက်ပြသမှုများကို ကန့်သတ်ခြင်းစသည်တို့ကို လုပ်ဆောင် ထားသင့်ကြောင်း သိရသည်။
ထို့အပြင် မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် အခြေခံနှုန်းထားများနှင့် ပရိုမိုးရှင်းအစီအစဉ် များအပေါ် ပိုမိုနားလည် သဘောပေါက်ခြင်းဖြင့် မိမိတို့ ဖုန်းသုံးစွဲမှုအတွက် ကုန်ကျမှုအခြေ အနေများကို မှန်းဆနိုင်မည်ဖြစ်ပြီး ဒေတာနှင့် ဖုန်းခေါ်ဆိုမှုများအတွက် မိမိအသုံးပြုမှုနှင့် ကိုက်ညီသည့် ပရိုမိုးရှင်းအစီအစဉ်များ၊ ဈေးနှုန်းပိုမိုသက်သာသည့် အင်တာနက် ဒေတာ အစီအစဉ်များကို ရယူအသုံးပြုခြင်း အားဖြင့် ဝန်ဆောင်မှုများကို ကုန်ကျမှု သက်သာစွာဖြင့် ရယူသုံးစွဲနိုင်မည် ဖြစ် ကြောင်း သိရသည်။
သုံးစွဲသူများအနေဖြင့် မရှင်းလင်းသည့် အချက်အလက်များနှင့် သိလိုသည်များကို သက်ဆိုင်ရာ အော်ပရေတာများ၏Facebook စာမျက်နှာ၊ အင်တာနက် စာမျက်နှာများနှင့်Call Centerများသို့ ဆက်သွယ်မေးမြန်းနိုင်ပြီး တယ်လီနော အနေဖြင့်လည်း အဆိုပါ ပြဿနာများကို နားလည်သဘောပေါက်သည်အထိ ဖြေရှင်း ပေးနိုင်ရန် အဖွဲ့တစ်ခုဖွဲ့စည်းထားကြောင်းMs.Joslin Myrthong က ပြောကြား ခဲ့သည်။
သတင်း-ဇာဏီ
ဓာတ်ပုံ-ဂျေအယ်လ်

No comments:

Post a Comment