Wednesday, August 30, 2017

ညောင်သီးသီးချိန် ဘုမ္မတီးငှက်များလာရောက်စားသောက်သဖြင့် ငှက်ချစ်သူများ မှတ်တမ်းဓာတ်ပုံရိုက်ယူမှုများပြား

Image may contain: one or more people, tree, sky, outdoor and nature
စဥ့်ကိုင် သြဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ပလိပ်အင်းရေတိမ်ဒေသအနီးရှိ ညောင်ပင်များ ညောင်သီး သီးချိန်တွင် ဘုမ္မတီးငှက်များ လာရောက်စားသောက် ကြသည်။ ဘုမ္မတီးငှက်(Green pigeon)မှာခိုမျိုးစိတ်ထဲ တွင် ပါဝင်သည်။ဘုမ္မတီးငှက် ၁၃ မျိုးရှိပြီး အခြားခိုမျိုးစိတ် ကိုးမျိုး အပါအဝင် ၂၂ မျိုးရှိကြောင်း သိရသည်။ ထိုမျိုးစိတ်ထဲတွင်ဘုမ္မတီးငှက်များမှာညောင်သီးသီးချိန်တွင်များစွာ တွေ့မြင်ရသည်။ ဘုမ္မတီးငှက်များမှာ ဌာနေငှက်ဖြစ် သော်လည်း ညောင်သီးပေါချိန်မှသာ ပိုမိုမြင်တွေ့ရသည်။
လက်ရှိကာလညောင်သီးသီးချိန်တွင်ဘုမ္မတီးငှက်များနေထိုင်စားသောက်ပုံများကို ငှက်ချစ်သူများမှတ်တမ်း ရိုက်ကူးမှုများပြားလျက်ရှိသည်။ ငှက်ချစ်သူများမှာ ငှက် တို့၏ သဘာဝအလှအပများကို စိတ်ရှည်စွာစောင့်ပြီး ရိုက်ကူးကြသည်။ အများစုသော ငှက်ချစ်သူများမှာ မှန်ဘီလူး အမျိုးအစား ၄ဝဝ မီလီမီတာ၊ ၅ဝဝ မီလီမီတာ၊ ၆ဝဝ မီလီမီတာများကိုအသုံးပြုရိုက်ကူးကြသည်။ ညောင်သီးသီး ချိန်တွင် ဘုမ္မတီးငှက်အပါအဝင် အခြားငှက်များပါ ညောင်သီးလုစားသည့်မြင်ကွင်းများနှင့် ငှက်တို့၏သဘာဝ မြင်ကွင်းများကိုအမိအရ ရိုက်ကူးကြကြောင်း သိရသည်။
ပလိပ်အင်းဒေသတွင် ငှက်မျိုးစိတ်များစွာ ကျက်စားကြ သည်။ ဆောင်းခိုငှက်များသည် နိုဝင်ဘာလဆန်းပိုင်းမှစကာ ဝင်ရောက်လေ့ရှိသည်။ ပလိပ်အင်းမှာဧရာဝတီမြစ်လက် တက်ဖြစ်သော မြစ်ငယ်မြစ်မှ အင်းအတွင်းရေဝင်ရေ ထွက် ပြုလုပ်သည်။ရေအရည်အသွေးမှာစံ ၉ ဒသမ ၂ ဖြစ်သည်။ အင်းအတွင်းတွင် ကြာလင်ပန်း (Nymphoides) ပေါများစွာပေါက်ရောက်သည်။
အခြားအပင်များအနေဖြင့် ရေမှော် (Blyxa)၊ ကနဖော့ (Jussiaea)၊ ဟင်းချန်(Bottia Cordata)၊ ရေကန်စွန်း (Ipomaea)တို့ပေါက်သည်။ အင်းအတွင်း ရေငှက်မျိုးစိတ် ၃၇ မျိုး၊ အခြားငှက်မျိုးစိတ် ခုနစ်မျိုး၊ ငါးမျိုးစိတ် ရှစ်မျိုး ကျက်စားကြောင်း မှတ်တမ်းပြုထားသည်။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ကွင်းဆင်းလေ့လာမှုမှတ်တမ်းများအရ ရေငှက်မျိုး စိတ် ၃ဝ၊ ရာသီအလိုက်ပြောင်းရွှေ့ကျက်စားသည့် ဆောင်း ခိုငှက် ၁၁ မျိုးနှင့် ဒေသမျိုးရင်း ငှက်မျိုးစိတ် ၁၉ မျိုး ကျက်စားကြောင်း သိရသည်။
လက်ရှိကာလ ငှက်ချစ်မြတ်နိုးသည့် ဓာတ်ပုံဆရာများမှာ ပလိပ်အင်းအနီး ညောင်ပင်များညောင်သီးသီးချိန် ငှက် အလှဓာတ်ပုံများ လာရောက်ရိုက်ကူးလျက်ရှိသည်။ ရိုက်ကူးမှုတွင် ငှက်များအနှောင့်အယှက်မဖြစ်ရေး သဘာဝ အတိုင်းနေထိုင်ကျက်စားမှုကို အထူးဂရုပြု ရိုက်ကူးရ ကြောင်းနှင့်အနယ်နယ်အရပ်ရပ်မှ ငှက်ချစ်မြတ်နိုးသူများ ဓာတ်ပုံဆရာများ ဘုမ္မတီးငှက်များကျက်စားပုံရိုက်ကူး ရန် အကောင်းဆုံးရာသီဖြစ်သည့်အတွက် ပလိပ်အင်း အနီး လာရောက်ရိုက်ကူးနိုင်ပြီဖြစ်ကြောင်း ငှက်အလှ ဓာတ်ပုံရိုက်ကူးသူ ဆရာSolo (M.D.Y) က ရှင်းပြ သည်။
တိမ်တမန်

No comments:

Post a Comment