Wednesday, August 2, 2017

မောင်တောမြို့နယ်၌ အစွန်းရောက်အကြမ်းဖက်သမားများ လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား

No automatic alt text available.
နေပြည်တော် သြဂုတ် ၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စု အနောက် ရွာ၌ ယနေ့မွန်းလွဲပိုင်းက အစွန်းရောက် အကြမ်းဖက်သမားများ လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ ညနေ ၃ နာရီခန့်က ပန်းတောပြင်ကျေးရွာ အုပ်စု အနောက်ရွာ၌် မိုင်းပေါက်ကွဲသည့် အသံ ကြားရသဖြင့် သွားရောက်စစ်ဆေး ခဲ့ရာ ယင်းကျေးရွာနေ မဒီလ်ပါးလ်(၆ဝ) နှစ်၏ နေအိမ်တွင် အိမ်ရှေ့ဝရန်တာ မီးလောင်ကျွမ်းထားသည်ဟုယူဆရသည့် ကြမ်းခင်း သုံးပေပတ်လည်ခန့်ကျိုးပဲ့နေ ခြင်း၊ မျက်နှာကြက်မိုးထားသည့် ပိတ်စ ၁ဝ ပေ ပတ်လည်ခန့် မီးလောင်ကျွမ်းနေ ခြင်းများ တွေ့ရှိခဲ့ရကြောင်း။
နေအိမ်အတွင်း စစ်ဆေးရာ ပစ္စတိုကျည် နှစ်တောင့်၊ ယမ်းဟုယူဆရသည့် ၂၅ ကျပ်သားခန့်ရှိ အထုပ် နှစ်ထုပ်၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဓာတ်မြေသြဇာစေ့ အညိုရောင် ၁ဝ ပိဿာခန့်၊ ဆေးထိုးပြွန်တွင် ယမ်းထည့်ထားပြီး ဝိုင်ယာကြိုးစနှစ်စ ထုပ်ထားသော စနက်တံဟု ယူဆရသည့် စနက်တံ သုံးခု၊ ၁ဝ ပေခန့် နန်းကြိုး ခွေ တစ်ခွေ၊ ခဲဘောစေ့ နှစ်လုံး၊ ခဲဂေါက်ဝရိန် တစ်ခု၊ ဒစ်ဂျစ်တယ်ဗို့တိုင်း မီတာတစ်ခု၊ မီးကပ်တိပ် အနက်ရောင် တစ်ခွေ၊ ယမ်းကြိတ်ရာတွင် အသုံးပြု သည်ဟု ယူဆရသည့် လေးထောင့်ကျောက်ပြင် တစ်ခု၊ ပေ ၁၅ဝ ခန့်ရှိ အဖြူရောင်မီးကြိုး တစ်ခွေ နှင့် မိုင်းပြုလုပ်ရာတွင်တွက်ချက်ထားသည့် မှတ်တမ်း စာအုပ် တစ်အုပ်တို့ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment