Wednesday, August 30, 2017

အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေး

Image may contain: one or more people and indoor
နေပြည်တော် သြဂုတ် ၂၉
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံခရီးသွားလုပ်ငန်းမဟာဗျူဟာ အစီအစဉ် ၂ဝ၁၆-၂ဝ၂၅ အား အကောင်အထည်ဖော်သည့်အနေဖြင့် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အား အစိုးရနှင့်ပုဂ္ဂလိက ခရီးသွားလုပ်ငန်းကဏ္ဍမှ ကိုယ်စားလှယ်များအားဖိတ်ကြား၍ ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၈ ရက်တွင် နေပြည်တော်ရှိ The Hotel Royal ACE၌ ကျင်းပသည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များပြားစွာလာရောက်လျက်ရှိပြီး ခရီးသွားများ အတွက် အဓိကအကျဆုံး လိုအပ်ချက်များဖြစ်
သည့် သွားလာလည်ပတ်ရာတွင် စိတ်ချမ်းသာမှု၊ လိုအပ်သောဝန်ဆောင်မှုများ လုပ်ကိုင်ပေး ရန်နှင့် ကောင်းမွန်ပြီး စံချိန်စံနှုန်းနှင့် ကိုက်ညီအောင် ဆောင်ရွက်နိုင်ရေး ယခုစံနှုန်းများကို သိရှိနားလည်ထားရမှာဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲအား အာဆီယံခရီးသွားလုပ်ငန်း ကဏ္ဍမှ ရေးဆွဲအတည်ပြုပြီးဖြစ်သော စံနှုန်း ရှစ်ခုအနက် (က) အာဆီယံအစိမ်းရောင်ဟိုတယ်များစံနှုန်း၊ (ခ) အာဆီယံလူမှုအဖွဲ့ အစည်း အခြေခံခရီးသွားလုပ်ငန်းစံနှုန်း၊ (ဂ) အာဆီယံသန့်ရှင်းသော ခရီးသွားမြို့တော် များစံနှုန်း၊ (ဃ) အာဆီယံရေရှည် တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းစံနှုန်း၊ (င) ASEAN MICE Venue စံနှုန်းစသည့်စံနှုန်းများနှင့်(စ) အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာ အစီအစဉ် (၂ဝ၁၆-၂ဝ၂၅) တို့ကို ခရီးသွား ဆွဲဆောင်ရာဒေသများရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍတွင် အသက်မွေးဝမ်းကျောင်းပြု နေသည့် စီမံခန့်ခွဲသူများ၊ ဝန်ထမ်းများ၊ သက်ဆိုင်ရာအစိုးရဌာနများမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး စံနှုန်းများအပါအဝင် မဟာဗျူဟာ အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် သည်။
၎င်းအပြင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂ဝ၁၈ ကာလအတွင်း အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍက သတ်မှတ်ထားသည့် အာဆီယံအစိမ်းရောင် ဟိုတယ်ဆု၊ အာဆီယံရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွား လုပ်ငန်းဆု၊ ASEAN MICE Venue Awardနှင့် အာဆီယံသန့်ရှင်းသောခရီးသွားမြို့တော်
များဆုများကို စံနှုန်းနှင့် ကိုက်ညီသည့် ခရီးစဉ်ဒေသများအား ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံခရီးစဉ်ဒေသများ၏ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိ အမှတ်ပြုရေး အစီအစဉ် (Mutual recognition Arrangement- MA on Tourism Professionals) အကောင်အထည်ဖော်ရေးကို အထောက်အကူပြုစေရန် MA-TP ဆိုင်ရာအကြောင်းအရာများ၊Visit ASEAN @50: Golden Celebrations Campaign ၊ အာဆီယံ စံနှုန်းများနှင့်စပ်လျဉ်း၍ ထည့်သွင်းအသိပညာပေးခဲ့သည်။
အလားတူဆွေးနွေးပွဲများကို ၂ဝ၁၆ ခုနှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့၊မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့တို့တွင်လည်းကောင်း၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် မန္တလေး
မြို့၊ ပြင်ဦးလွင်မြို့နှင့် ပုဂံမြို့တို့တွင်လည်းကောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါ အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊ ဆွေးနွေးပြောကြားသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ဟိုတယ်ဇုန်မှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများအပါအဝင် စုစုပေါင်း
၁၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
(ဟိုတယ်ခရီး)

No comments:

Post a Comment