Sunday, July 2, 2017

ယခုနှစ် ပထမခြောက်လအတွင်း အန်ကောယဉ်ကျေးမှု အမွေအနှစ်ဒေသ ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၂ ဒသမ ၁ သန်းရရှိ

Image may contain: one or more people, sky, outdoor and nature
ဖနောင်ပင် ဇူလိုင် ၁
ကမ္ဘောဒီးယားနိုင်ငံမှ အန်ကောရှေးဟောင်းယဉ်ကျေးမှု ဥယျာဉ်အတွင်းသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာ ခရီးသွားများအား ဝင်ရောက်ကြည့်ရှုခွင့်လက်မှတ်များ ရောင်းချရာမှ ရရှိသည့်ဝင်ငွေသည် ယခုနှစ်ပထမ ခြောက်လအတွင်း၌ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁ သန်းရရှိခဲ့ပြီး ယမန်နှစ်အလားတူကာလအတွင်း ရခဲ့သောဝင်ငွေနှင့်နှိုင်းယှဉ်ပါက ၆၆ ဒသမ ၈ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း အဆိုပါဒေသမှ ယနေ့ထုတ်ပြန်သည့် သတင်းကြေညာချက်အရသိရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ယင်းရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက်ခဲ့သည့် ခရီးသွားဦးရေပမာဏမှာ ယမန်နှစ် အလားတူကာလထက် ၁၂ ဒသမ ၉ ရာခိုင်နှုန်းပိုမိုခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
အန်ကောရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်ခဲ့ကြသည့် နိုင်ငံတကာခရီးသွားများထဲတွင် အမေရိကန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများမှ ခရီးသွားများမှာ အများစုဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွား ဒေသဖြစ်သည့် အန်ကောရှေးဟောင်းယဉ်ကျေးမှုဒေသသည် ယင်းနိုင်ငံ၏ အနောက်မြောက်ပိုင်း ဆီရမ်ရိ ပြည်နယ်၌ တည်ရှိပြီး ကုလသမဂ္ဂပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့(ယူနက်စကို)က ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment