Sunday, July 2, 2017

မြောက်ကိုရီးယားကို တုံ့ပြန်မှုများပြုလုပ်သွားရန် အမေရိကန်လိုလား





ဝါရှင်တန်ဒီစီ ဇူလိုင် ၁ 



 တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနှင့် ဇွန် ၃ဝ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားကို တုံ့ပြန်မှုပြုရန် တိုက်တွန်းလိုက်ကြောင်း၊ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံ မဟာမိတ်အခန်းကဏ္ဍမှာ မည်မျှအရေးကြီးကြောင်း ဆွေးနွေးပြောကြားခဲ့သော်လည်း အဓိကဆွေးနွေးပြောကြား ခဲ့သည့်အကြောင်းအရာမှာ တောင်ကိုရီးယား၏ ကုန်သွယ် မှုနှင့် ကာကွယ်ရေးအသုံးစရိတ်များကို မျှဝေကျခံရန်ဖြစ် ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဇူလိုင် ၁ ရက်က ဖော်ပြခဲ့သည်။

ယခင် အိုဘားမားလက်ထက်က သဘောတူခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်ကို အကြမ်းဖျင်းအဆင့် သာသာရှိကြောင်း ဝေဖန်ပြောကြားခဲ့ပြီးနောက် ယခုအခါတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အဆိုပါ သဘောတူညီ ချက်ကို ပြန်လည်ညှိနှိုင်းမှုပြုလုပ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယား ၏ ဒုံးလက်နက်စမ်းသပ်မှုနှင့် နျူကလီးယား အစီအစဉ်အဆုံးသတ်နိုင်ရေးအတွက် နည်းဗျူဟာပိုင်းဆိုင်ရာ စိတ်ရှည်သည်းခံရမည်ဖြစ်ကြောင်း ¤င်းက ဆက်လက် ပြောကြားခဲ့သည်။ 

မြောက်ကိုရီးယား၏ မထီမဲ့မြင် ခြိမ်းခြောက်မှုများနှင့် ရက်စက်မှုများကို အတူတကွ ရင်ဆိုင်နေရကြောင်း တောင်ကိုရီးယားသမ္မတ မွန်နှင့် အိမ်ဖြူတော်နှင်းဆီ ဥယျာဉ်တွင် ရှိနေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ဒုံးကျည်အစီအစဉ် နှင့် နျူကလီးယားအစီအစဉ်မှာ ကျိန်းသေတုံ့ပြန်ဖို့လိုကြောင်း ဒေါ်နယ်ထရန့် ဆက်လက်ပြောကြားခဲ့သည်။
ထရန့်အနေဖြင့် မြောက်ကိုရီးယားကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်မည်ဟု ကြုံးဝါးနေသော်လည်း မည်ကဲ့သို့ ပြုလုပ်မလဲဆိုသည်နှင့် ပတ်သက်ပြီး နည်းလမ်းများရှာဖွေ လျက်ရှိကြောင်း သိရသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တက်စ်က မြောက်ကိုရီးယားအပေါ် စစ်ရေးအရ ဖြေရှင်းခြင်းသည် မလိုလားအပ်သော ဝမ်းနည်းမှုများဖြစ်ပေါ်လာနိုင်ပြီး ထင်မှတ် မထားနိုင်လောက်အောင် အခြေအနေထိ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ ထရန့်အနေဖြင့် မြောက်ကိုရီးယား၏ အိမ်နီးချင်းဖြစ်သော တရုတ်ကို ဆွဲဆောင်ရန် မျှော်လင့်ချက် ကို ဆက်လက်ဆုပ်ကိုင်ထားပြီး မြောက်ကိုရီးယားကို တွန်းလှန် ရန် တရုတ်နှင့်ကုန်သွယ်ရေးအရ ဆက်လက်ရပ်တည်နိုင်ရန် လိုလားလျက်ရှိကြောင်း သိရသည်။

ထရန့်အနေဖြင့် အိမ်နီးချင်းနိုင်ငံများက မြောက်ကိုရီးယား ကို အရေးယူမှုများပြုလုပ်နိုင်ရန် အကောင်းဆုံးနည်းလမ်း ကို အမြန်ဆုံးရှာဖွေရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
(ရိုက်တာ)

No comments:

Post a Comment