Wednesday, June 28, 2017

Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိ

Image may contain: one or more people, ocean, outdoor and water
နေပြည်တော် ဇွန် ၂၇
တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသခံ ငါးဖမ်းစက်လှေများ ပူးပေါင်း၍ ပျက်ကျခဲ့သော Y-8 လေယာဉ်၏ ကျန်ရှိအစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိရေးအတွက် လေယာဉ်အမြီးပိုင်း တွေ့ရှိသည့်နေရာ အနီးတစ်ဝိုက် ပင်လယ်ပြင်အတွင်း ရှာဖွေရေးလုပ်ငန်းများကို ရာသီဥတုဆိုးရွားနေသော်လည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရှာဖွေစဉ် တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့် ရှာဖွေတွေ့ရှိသော နေရာများသို့ ဒေသခံငါးဖမ်းစက်လှေများက သွားရောက်ရှာဖွေရာ ယနေ့ညနေပိုင်းတွင် လေယာဉ်ကိုယ်ထည် အလူမီနီယံအစိတ်အပိုင်းများအား ထပ်မံဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment