ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ယာဉ်မတော်တဆမှု လျော့နည်း ကျဆင်းရေးနှင့် ပြည်သူများ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာများ ရရှိစေရေးတို့အတွက် အမှတ်(၁) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ နေပြည်တော်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များသည် ဝန်ကြီးဌာန/ရုံးများ၊ စာသင်ကျောင်းများ၊ ယာဉ်မောင်း သင်တန်းများ၊ ရပ်ကွက်/ကျေးရွာများ နှင့် ကားဂိတ်/ဆိုင်ကယ် ကယ်ရီ ဂိတ်များသို့ သွားရောက်ပြီး ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ ပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အမှတ်(၁) ယာဉ်ထိန်းရဲ ဒုတပ် ဖွဲ့ခွဲမှ ဒုရဲအုပ်ဌေးလွင် ဦးစီး(၁+၃)ဦးသည် နေပြည်တော် ရဲတပ်ဖွဲ့၏ မှုခင်းပညာပေးယာဉ်ဖြင့် လိုက်ပါ၍ ပျဉ်းမနားမြို့နယ် အာဟာရသုခဈေး အနီး၌ လာရောက်လေ့လာသူ ပြည်သူ ၈ဝ တို့အား ယနေ့ နံနက် ၉ နာရီတွင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အသိပညာပေး ပြခန်းများ ရှင်းလင်းပြသကာ ပညာပေးဟော ပြောခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။
(ယာဉ်ထိန်းရဲတပ်ဖွဲ့)
No comments:
Post a Comment