နေပြည်တော် ဇွန် ၂၆
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ၂ဝ
ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ
အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ ဦးဝှေ့တင်း၏ ပလက်ဝမြို့ ခုတင် ၅ဝ ဆံ့ ပြည်သူ့ဆေးရုံတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်များနှင့် ကျေးရွာများရှိ ကျန်းမာရေးဌာနရှစ်ခုအနက် လစ်လပ်ခုနစ် နေရာတွင် ကျန်းမာရေးမှူးများ အမြန်ဆုံးအစား ထိုးခန့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပလက်ဝ မြို့ ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန် အင်အားမှာ ခွင့်ပြုခြောက်ဦးအနက် နှစ်ဦးခန့် ထားပြီး လစ်လပ်လေးဦး ရှိပါကြောင်း။
ဦးစားပေးခန့်ထား
ချင်းပြည်နယ်၌ လစ်လပ်လျက်ရှိသည့် လက်ထောက် ကျန်းမာရေးမှူး ရာထူးနေရာများ အတွက်(၃၁)ကြိမ်မြောက် လက်ထောက်ကျန်းမာ ရေးမှူး (အကျဉ်းချုံး) သင်တန်းဆင်း ၂ဝ နှင့် ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး) ဘွဲ့ရ လက်ထောက် ကျန်းမာရေးမှူး ရာထူးဝင်ခွင့် အောင်မြင်သူ ၁၅ ဦး တို့ကို ခန့်အပ်တာဝန်ချ ထားပြီး ဖြစ်ပါကြောင်း၊ ပလက်ဝမြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနတွင် လစ်လပ် နေရာခုနစ်နေရာအနက် လေးနေရာကို ခန့်ထား ပေးပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသော လစ်လပ်နေရာ သုံးနေရာအား (၃၂)ကြိမ်မြောက် လက်ထောက် ကျန်းမာရေးမှူး (အကျဉ်းချုံး) သင်တန်း စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်ပြီး အဆိုပါ သင်တန်းဆင်း ၇၅ ဦးအား အလုပ်ခန့်အပ်မည့် အချိန်တွင် ချင်းပြည်နယ်၌ ဦးစားပေးခန့်ထား ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်)၏ မြန်မာနိုင်ငံ ဒေသအသီးသီး၌ ဖွင့်လှစ်ထားသည့် မြန်မာ့ပရဆေးဆိုင်များမှ ဆေးဝါးကုန်ကြမ်း များတွင် သိပ္ပံနည်းကျမှန်ကန်သော ဆေးဝါး စစ်စစ်တင်သွင်းရောင်းချနိုင်ရေးအတွက် ပညာပေး လုပ်ထုံးလုပ်နည်းများ စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းရင်းဆေးပညာ ဦးစီးဌာနအနေဖြင့် ပရဆေး ကုန်ကြမ်းတင်သွင်း ရောင်းချလိုသော ကုမ္ပဏီ များမှ ပရဆေးကုန်ကြမ်း စစ်မှန်မှုထောက်ခံချက် တောင်းခံလာပါက စစ်ဆေးပြီး အတည်ပြုပေး လျက်ရှိပါကြောင်း။
ထိုသို့ စစ်ဆေးရာတွင် ကုန်ကြမ်းပစ္စည်းများ ကို ပြင်ပရုပ်သွင်တိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ် ပြီး လိုအပ်ပါက ပါဝင်ဓာတ်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ပြုလုပ်ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် ပရဆေးကုန်ကြမ်း သို့မဟုတ် အဆီအနှစ်များအား တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်း များဖြစ်ကြောင်း လာရောက်လျှောက်ထားပါက တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ တင်သွင်းသည့် ကုမ္ပဏီ၏ ဓာတ်ခွဲစမ်းသပ်တွေ့ရှိချက်အား သေချာစွာ စိစစ်/ စစ်ဆေးပြီး ထောက်ခံပေး ပါကြောင်း၊ ပရဆေး ကုန်ကြမ်းရောင်းချသူ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရန် ကုန်ကြမ်းဝယ်ယူ သူများအနေဖြင့်လည်း မိမိတို့ ရောင်းချ၊ ဝယ်ယူ မည့်ပစ္စည်းအား သိရှိပြီး သေချာစွာစစ်ဆေး ဝယ်ယူရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာနအနေဖြင့် ပရဆေးကုန်ကြမ်း များအားStandardized ပြုလုပ်၍ Botanical Name အပါအဝင် စနစ်တကျပြုလုပ်ရန် ဆောင် ရွက်လျက်ရှိသည့်အပြင် အသိပညာပေးလုပ်ငန်း များကိုပါ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ပြန်လည်ရှင်းလင်း
ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ စန်းမောင်မောင်၏ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများ လိုက်နာ ကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ် အရေးယူမှု မရှိသလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးပါရန် တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ နော်လှလှစိုး၊ မ္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာ ဦြး<ွကယ်ြ<ွကယ်၊ ချင်း ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်နှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးဝှေ့တင်းတို့က ထောက်ခံဆွေးနွေးကြသည်။
ပြည်သူများ လေးစားလိုက်နာ
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)မှ ဦးဌေးဦးက ပြဋ္ဌာန်းပြီး ဥပဒေများတွင် ချို့ယွင်းချက်များ ရှိသော်လည်း အုပ်ချုပ်သူအစိုးရ မှ ရသည့်နည်းဖြင့် မဖြစ်မနေ အကောင်အထည် ဖော်ရန် တာဝန်ရှိပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ် ရေးဥပဒေအား ပြည်သူများ လေးစားလိုက်နာ သည်အထိ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အာဏာပိုင်များဘက်မှလည်း လက်ရှိအခြေ အနေအား ထိုင်ကြည့်နေမည့်အစား ယခုအခြေ အနေထက် ပိုမိုတိုးတက်ထိရောက်အောင် ကြီးကြပ်ဆောင်ရွက်ပေးရန် မဖြစ်မနေတာဝန်ရှိ ပါကြောင်း စသဖြင့် အဆိုအားထောက်ခံဆွေးနွေး သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ဇွန် ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားရန် လျာထား ကြောင်း သိရသည်။
သူရဇော် (သတင်းစဉ်)

No comments:
Post a Comment