Thursday, June 1, 2017

ကဘူးမြို့ သံတမန်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြီးဖြစ်ပွား လူ ၈ဝ ထက်မနည်းသေဆုံး၊ လူပေါင်း ၃၂ဝ ခန့်ဒဏ်ရာရ

Image may contain: 7 people, people standing and outdoor
ကဘူး မေ ၃၁
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးရှိ လုံခြုံရေး ထူထပ်စွာချထားသည့် သံတမန်ရပ်ကွက်တွင် မေ ၃၁ ရက် နံနက်ပိုင်းက ပြင်းထန်သော ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၈ဝ ဦးထက်မနည်းသေဆုံးကြောင်း၊ ဒဏ်ရာရသူဦးရေမှာ ၃၂ဝ ခန့်ရှိပြီး အမျိုးသမီးနှင့်ကလေးငယ်များမှာလည်း ထိခိုက်သေဆုံးမှုတွင်ပါဝင်ကြောင်း အာဖဂန်ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားသည်။
အသေခံဗုံးဖောက်ခွဲရေးသမားတစ်ဦးသည် မေ ၃၁ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဇန်ဘက်ရင်ပြင်၌ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ကားတစ်စီးကို ဖောက်ခွဲခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် အနီးအနားရှိ မော်တော်ယာဉ်အစီး ၅ဝ ကျော်ခန့် ပျက်စီးခဲ့ရကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။ယခု ဗုံးဖောက်ခွဲတိုက်ခိုက်မှုသည် မြို့တော်ကဘူးတွင် လပေါင်းအတန်ကြာကာလအတွင်း ဗုံးဖောက်ခွဲတိုက်ခိုက်မှုများအနက် အပြင်းထန်ဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်သည်။
ပဏာမစုံစမ်းစစ်ဆေးချက်အရ ဖောက်ခွဲတိုက်ခိုက်မှုမှာ ကုန်တင်ယာဉ်တစ်စီးပေါ်တွင် ဖောက်ခွဲရေး ပစ္စည်းများတင်ဆောင်ကာ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း အာဖဂန်နစ္စတန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒင်းနစ်က ပြောကြားသည်။
ပြင်းထန်သောဗုံးပေါက်ကွဲမှုကြောင့်မြို့တော်ကဘူးရှိ ပြင်သစ်နှင့် ဂျာမနီနိုင်ငံ သံရုံးများ ထိခိုက်ပျက်စီးခဲ့ရ ကြောင်း ပြင်သစ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ပြောကြားသည်။
ပီတီအိုင်။

No comments:

Post a Comment