Sunday, June 25, 2017

အရီဇိုးနားတောမီး စိုးရိမ်ရသောအခြေအနေကြောင့် အရေးပေါ်အဆင့်ကြေညာ




ဝါရှင်တန် ဇွန် ၂၄


အမေရိကန်နိုင်ငံ အရီဇိုးနားတွင် လောင်ကျွမ်းခဲ့သောတောမီးမှာ စိုးရိမ် ရသော အခြေအနေရောက်ရှိလာခဲ့သော ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဒေါက်ဂ်ျဒူဆေးက မကြာသေးမီက အရေးပေါ် အဆင့်ကြေညာလိုက်ကြောင်း သိရသည်။  

 တောမီးကြောင့် အကယ်၍လိုအပ် လာပါက ထောက်ပံ့မှုများလုပ်ဆောင် ပေးရန် အရီ ဇိုးနားပြည်နယ် သစ်တောနှင့် မီးသတ်စီမံခန့်ခွဲမှုဌာနက ပြည်နယ် အရေးပေါ်ကောင်စီထံ တင်ပြထား ကြောင်း သိရသည်။
ထို့ပြင် လာမည့်နှစ်ဘဏ္ဍာနှစ် ထပ်မံ ပေးအပ်မည့်ဖြည့်စွက်ရန်ပုံငွေ မရမီ အရေးပေါ်ကာလအထိ သတ်မှတ်ထား မည်ဖြစ်ကြောင်း ဒူဆေးက ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါမီးလောင်မှုအတွက် အရေး ပေါ်ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ နှစ်သိန်းသုံးစွဲရန် တရားဝင်ခွင့်ပြုထား ကြောင်း သိရသည်။

အရီဇိုးနားပြည်နယ်တွင် လွန်ခဲ့ သော ဧပြီလမှစ၍ တောမီးလောင်ကျွမ်းမှု ၁၂ ကြိမ်နှင့်အထက် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

အမေရိကန်ပြည်နယ် အရီဇိုးနား ပြည်နယ်တွင် တောမီးလောင်ကျွမ်းခဲ့ သည့်နည်းတူ လော့စ်အိန်ဂျလိစ်မှ ၆၄ဝ ကီလိုမီတာကွာဝေးသည့် ဖလက်ဂ်ျ စတက်ဖ်မြို့ရှိ ဆန်ဖရန်စစ္စကို တောင်ထိပ် ၌လည်း တောမီးများ တွေ့ရသောကြောင့် ဒေသခံများကို အပြင်မထွက်ရန်၊ အထူး သဖြင့် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါရှိသူများ ကလေး ငယ်များနှင့် သက်ကြီးရွယ်အိုများကို အပြင်မထွက်ရန် ဒေသဆိုင်ရာကျန်းမာ ရေးဌာနက အရေးပေါ်အကြံပြုချက် ထုတ်ပြန်ထားကြောင်း သိရသည်။
(ဆင်ဟွာ)

No comments:

Post a Comment