Monday, June 26, 2017

ရေပူနှင့်မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင် ကုန်စည်များ တားဆီးထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

Image may contain: food and indoor
နေပြည်တော် ဇွန် ၂၅
တရားမဝင်ကုန်စည်များတားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဇွန် ၂၄ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၅၂၅ စီး၊ သွင်းကုန် ၅၅၆ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၅ စီး၊ သွင်းကုန် ၁၂၅ စီး ကုန်စည်များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၄ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၆ဝ ဒသမ ၆၈ သန်းခန့်)၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှု နှစ်မှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၃ဝ သန်းခန့်) စုစုပေါင်း တားဆီးမှု လေးမှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၁ ဒသမ ၉၈ သန်းခန့်)အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထူးခြားဖမ်းဆီးမှုအနေဖြင့် ဇွန် ၂၃ ရက်တွင် မူဆယ်မှ မန္တလေးဘက်သို့ သွားရောက်မည့် မော်တော်ဆိုင်ကယ်အား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တားဆီးရှာဖွေစစ်ဆေးခဲ့ရာ ဆပ်ပြာခွက် ၁ဝ၁ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူဟု ယူဆရသော အမှုန့်များ (1.110) Kg နှင့် အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် ''WY" အနီရောင် စိတ်ကြွရူးသွပ်ဆေးပြား၊ 88 နှင့် 1 စာတန်းတစ်ဖက်စီပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၁၉၆၉၅ ပြား (အလေးချိန် 1.772 Kg)နှင့် သယ်ဆောင်သည့် မော်တော် ဆိုင်ကယ်တစ်စီး (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၆ဝ ဒသမ ၆၈ သန်းခန့်)အားတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment