Thursday, June 1, 2017

အမရပူရမြို့နယ်ရှိ စာသင်ကျောင်းများတွင် ခြင်ဆေးဖျန်း

Image may contain: one or more people and outdoor
မန္တလေး မေ ၃၁
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အမရပူရမြို့နယ်ရှိ စာသင်ကျောင်းများ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို စနစ်တကျလုပ်ဆောင်ပေး
လျက်ရှိသည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးနှင့် ခြင်ပေါက်ပွားမှုကင်းရေးအတွက် အဓိကဆောင်ရွက်လျက်ရှိသည်။ကျောင်းဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူများ ခြင်အန္တရာယ်ကင်းဝေးကာ ခြင်မှအစပြု၍ ဖြစ်တတ်သော ရောဂါများ ကင်းဝေးစေရန်အတွက် ဒေသခံ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
လက်ရှိကာလတွင် အမရပူရမြို့နယ် ဥယျာဉ်တော်ကျေးရွာအတွင်းရှိ သရက်တန်းကျေးရွာ စာသင်ကျောင်း၊ ရွာသစ်ကျေးရွာ စာသင်ကျောင်း ၊
ကမ္ဘဲ့ကျေးရွာစာသင်ကျောင်း၊ မြစ်ငယ် အ-ထ-ကနှင့် အခြားကျောင်းများကို ခြင်ဆေးဖျန်းခြင်းများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနအနေဖြင့် အမှိုက်သန့်ရှင်းရေး ဌာနခွဲ၊ မြောင်းသန့်ရှင်းရေးဌာနခွဲနှင့်အတူ ကျန်းမာ
ရေးဌာနခွဲသုံးခုဖြင့် မြို့နေပြည်သူလူထုအကျိုးကိုဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေးဌာနခွဲသုံးခုအနေဖြင့် ကူးစက်ရောဂါ ရှိ-မရှိ ထောက်လှမ်းစုံစမ်းခြင်း၊ အစားအသောက် သန့်ရှင်းမှု ရှိ-မရှိစစ်ဆေးခြင်း၊ သိမ်းဆည်းထားသောအမှိုက်များမှ တစ်ဆင့်ဘေးအန္တရာယ် ရှိ- မရှိစစ်ဆေးခြင်း၊ ဘေး
အန္တရာယ်ဖြစ်ခြင်းနှင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်စေမည့် ကိစ္စများစုံစမ်းတင်ပြခြင်း၊ ခြင်၊ ယင်၊ ကြွက် နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျန်းမာရေးပညာပေး လုပ်ငန်းများ၊ တောင်းရမ်းစားသောက်သူပပျောက်ရေးလုပ်ငန်းများနှင့် လူနေရပ်ကွက်များတွင် ခြင်ဆေးဖျန်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
တိမ်တမန်

No comments:

Post a Comment