Tuesday, June 27, 2017

စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုနည်းပညာများနှင့် စပ်လျဉ်းပြီးဆွေးနွေး

Image may contain: 5 people, people sitting, table and indoor
နေပြည်တော် ဇွန် ၂၆
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် Zeya & Associates Co.,Ltd အဖွဲ့နှင့် ယနေ့ မွန်းလွဲ၂နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာဆောင် အမှတ် (I-8) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် Zeya & Associates ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စွမ်းအင်ထုတ်ယူမှုစီမံကိန်းများ၊ လျှပ်စစ်စွမ်းအင်ထုတ် လုပ်နိုင်မည့်နည်းလမ်းများ၊ ရင်းနှီးမြှုပ်နှံထားရှိမှုအခြေအနေများ၊စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ် မှုနည်းပညာများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment