မိုးမြင့်လင်းလက်
၂ဝ၁၇ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် တောင်ကိုရီးယား နိုင်ငံက မေ ၂ဝ ရက်ကစပြီး ဇွန် ၁၁ ရက်အထိ လက်ခံကျင်းပနေတာဟာ အခုဆိုရင် ၁၆ သင်းအဆင့် ပွဲစဉ်တွေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဇွန် ၁ ရက်မှာ ကစား မယ့် ၁၆ သင်းအဆင့်ပွဲစဉ်ဖြစ်တဲ့ အမေရိကန်နဲ့ နယူးဇီလန်၊ ပြင်သစ်နဲ့ အီတလီတို့ရဲ့ ယှဉ်ပြိုင်မှုတွေကတော့ စိတ်ဝင်စားစရာကောင်းနေပြီး ဘယ်အသင်းတွေ ကွာတား ဖိုင်နယ် တက်ရောက်သွားမလဲဆိုတာ စောင့်ကြည့်အားပေးရတော့မှာ ဖြစ်ပါတယ်။
ဒီနှစ် ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ ဆားဘီးယားအသင်းဟာ တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိကစားနေတဲ့ နောက်ဆုံးအဆင့်ပြိုင်ပွဲအထိ တက် ရောက်လာနိုင်ခဲ့ခြင်း မရှိပါဘူး။ ထူးခြားတာက ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလားချန်ပီယံ အကြိမ်အများဆုံး ဆွတ်ခဲ့တဲ့အသင်းတွေဖြစ်တဲ့ အာဂျင်တီးနား ခြောက်ကြိမ်၊ ဘရားဇီး ငါးကြိမ်၊ ပေါ်တူဂီနဲ့ ဆားဘီးယား နှစ်ကြိမ်စီတို့ဟာ အခု ၁၆ သင်းအဆင့်အထိ တက် ရောက်လာခြင်း မရှိသလို အချို့အသင်းတွေဆိုရင် နောက်ဆုံးဗိုလ်လုပွဲစဉ်တွေ ကစား ရမယ့် တောင်ကိုရီးယားမြေကို ခြေချခွင့်တောင် မရခဲ့ကြပါဘူး။
ဒါကြောင့် အခုကစားနေကြတဲ့ အသင်းတွေဟာ သူတို့ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ဖို့အားကုန်ရုန်းပြီး ယှဉ်ပြိုင်ကြမှာမို့ ပွဲကောင်းတွေအဖြစ် မြင်တွေ့နေရတာဖြစ်ပါတယ်။ အခု ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် ဇွန် ၁ ရက်မှာ ကစားမယ့်အသင်းတွေရဲ့ အနေအထားကိုကြည့်ရင်-
အမေရိကန်နှင့် နယူးဇီလန်
အုပ်စု(E)မှာ ပါဝင်တဲ့ နယူးဇီလန်အသင်းဟာ ခြေစွမ်းတည်ငြိမ်ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး အုပ်စုပွဲစဉ်အဖြစ် သုံးပွဲကစားခဲ့ရာမှာ ဗီယက်နမ်ကို ဂိုးမရှိသရေ၊ ဟွန် ဒူးရပ်စ်ကို သုံးဂိုး-တစ်ဂိုးနဲ့ နိုင်ပြီး ပြင်သစ်ကိုတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ ရှုံးခဲ့တာမို့ စုစုပေါင်း လေးမှတ်နဲ့ အုပ်စုဒုတိယရကာ အခုလို ၁၆ သင်းအဆင့် တက်ရောက်လာခဲ့တာဖြစ်ပါ တယ်။ နယူးဇီလန်မှာတော့ တိုက်စစ်မှူး ဖီဗင်က နှစ်ဂိုးသွင်းထားသလို ရှက်ဝပ်က တစ်ဂိုး သွင်းထားနိုင်ခဲ့ပါတယ်။ အုပ်စုပွဲစဉ် သုံးပွဲကစားခဲ့ရာမှာ နှစ်ပွဲ ဂိုးမသွင်းနိုင်ခဲ့ တဲ့ နယူးဇီလန်တို့ အမေရိကန် လူငယ်တွေကို ခြေရည်တူကစားပြီး ရလဒ်ကောင်းယူ ဖို့ အားထုတ်ကြမှာပါ။ အမေရိကန် လူငယ်တွေကတော့ အုပ်စု(F)မှာ သုံးပွဲကစားခဲ့ရာ မှာ အီကွေဒေါကို သုံးဂိုးစီသရေ၊ ဆီနီဂေါကို တစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပြီး ဆော်ဒီအသင်းကို တစ်ဂိုးစီသရေဖြစ်ခဲ့ပါတယ်။ သုံးပွဲကစားပြီး ငါးမှတ်ရခဲ့တဲ့ အမေရိကန်တို့ အုပ်စု ပထမ နဲ့ အခုလို ၁၆ သင်းအဆင့်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်တိုက်စစ်မှူးဖြစ် တဲ့ ဆာဂန်က သုံးဂိုးအထိ သွင်းယူထားနိုင်သလို လီဒွန်နဲ့ အေရီတို့ကလည်း ဂိုးသွင်း နိုင်သူတွေဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ အမေရိကန်တို့ အားသာချက်ရှိနေပြီး ဂိုးရ အောင်သွင်းယူနိုင်တဲ့ တိုက်စစ်မှူးတွေရှိတာမို့ အမေရိကန်တို့ အခြေအနေကောင်းသွား နိုင်ပါတယ်။
ပြင်သစ်နဲ့ အီတလီ
အုပ်စု(E)မှာတော့ ပြင်သစ်တို့ သုံးပွဲကစားခဲ့ရာမှာ ဟွန်ဒူးရပ်စ်ကို သုံးဂိုးပြတ်နဲ့ နိုင်ခဲ့သလို ဗီယက်နမ်ကိုလည်း လေးဂိုးပြတ်အနိုင်ယူကာ နယူးဇီလန်ကိုလည်း နှစ်ဂိုး ပြတ်အနိုင်ယူခဲ့တာမို့ ရှုံးပွဲမရှိခဲ့ပါဘူး။ ၁၆ သင်းအဆင့်ကို ရှုံးပွဲမရှိ၊ ပေးဂိုးမရှိနဲ့ တက် ရောက်လာတဲ့ ပြင်သစ်လူငယ်တွေဟာ အခုပွဲမှာ အီတလီနဲ့ ဆုံတွေ့ရမှာမို့ ပွဲကျပ်ဖြစ် နေပါတယ်။ ပြင်သစ်တိုက်စစ်မှာ မက်ဆီမင်း၊ အော်ဂတ်စတင်းတို့က ဂိုးသွင်းထက်မြက် သူတွေဖြစ်ပြီး သူဒမ်၊ နီတာ၊ ဟာရစ်နဲ့ ကယ်ရီရာတို့ကလည်း ဂိုးသွင်းနိုင်သူတွေဖြစ် ပါတယ်။ တိုက်စစ်မှူး အော်ဂတ်စတင်းဟာ အခုအချိန်အထိ သုံးဂိုးသွင်းယူထားနိုင် လို့ ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် မျှော်မှန်းနေပြီဖြစ်ပါတယ်။ အီတလီတို့က အုပ်စု (D)မှာ သုံးပွဲကစားခဲ့ရာမှာ ဥရုဂွေးကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးပြီး တောင်ကိုရီးယားအသင်း ကို နှစ်ဂိုးပြတ်နဲ့နိုင်ကာ ဂျပန်အသင်းကိုတော့ နှစ်ဂိုးစီသရေပွဲဖြစ်ခဲ့ပါတယ်။ အုပ်စု ဒုတိယနဲ့ တက်လာတဲ့ အီတလီမှာတော့ တိုက်စစ်မှာ အော်ဆိုလီနီ၊ ဖာမီလီတို့ရှိနေ ပြီး ဂိုးသွင်းသေချာသူတွေဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်ထက်မြက်ပြီး ခံစစ်လုံခြုံ တဲ့ ပြင်သစ်ကိုတော့ အသာစီးရယူဖို့ မလွယ်တာမို့ ပြင်သစ်တို့ပဲ ကွာတားတက်ရောက် ဖို့ အခွင့်အရေးများနေတာတော့ အမှန်ပါပဲ။ ။
No comments:
Post a Comment