Tuesday, May 2, 2017

ကိုယ်စားလှယ်အဖွဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိ

Image may contain: 4 people, people standing, wedding and indoor
ဘယ်လ်ဂျီယံ(ဘရပ်ဆဲလ်) မေ ၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသမဂ္ဂ(အီးယူ)ဌာနချုပ်၊ ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗြိတိန်နိုင်ငံသို့ တရားဝင်ခရီးသွားရောက်ရန် ဧပြီ ၃ဝ ရက်ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၄ဝ တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံရုံးယာယီတာဝန်ခံ ဦးဟောက် ခမ့်ဆုမ်းနှင့် သံရုံးမှတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ Singtong Lapisetpan တို့က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဒေသစံတော်ချိန် ည ၁၂ နာရီ ၅ မိနစ်တွင် ထိုင်းနိုင်ငံမှ ဆက်လက်ထွက်ခွာခဲ့ရာ မေ ၁ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ်၂ဝ တွင် ပြင်သစ်နိုင်ငံ Charles De Gulle အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘရပ်ဆဲလ်လေကြောင်းလိုင်းဖြင့် ဆက်လက်ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄ဝ တွင် ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့်အဖွဲ့အား ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးပေါ်လွင်စိန်နှင့် တာဝန်ရှိသူများက ဘရပ်ဆဲလ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ Steigenberger Wiltcher’s Hotel သို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိကြသည်။
(သတင်းစဉ်)

No comments:

Post a Comment