Wednesday, May 31, 2017

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

Image may contain: 1 person, crowd
ပဲခူး မေ ၃ဝ
ပဲခူးမြို့ မြို့တော်ခန်းမ၌ မေ ၃ဝ ရက် နံနက် ၈ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပ ပညာရေးနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ကျောင်းအပ်နှံရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များက ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများကအာသောက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊အထက(၆)၊ လ(ခွဲ) ဘုရားသုံးဆူကျောင်းတို့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြသည်။
ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရေးနှင့် ကျောင်းနေမြဲရေးအတွက်၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှစပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ လေ့ကျင့်ခန်းစာအုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့ရာ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်
တွင် ပဲခူးတိုင်းဒေသကြီးအတွက် မူလတန်းအဆင့်ပုံနှိပ်စာအုပ်များ တန်ဖိုးကျပ် ၁၁ဝ၅ ဒသမ ၉၇ သန်း၊ အလယ်တန်းအဆင့်အတွက် ကျပ် ၃၉၈ ဒသမ ၂၅ သန်း၊ အထက်တန်းအဆင့်အတွက် ကျပ် ၄၆၉ ဒသမ ၁၈ သန်း ဖြန့်ဝေပေးမည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ
အတွက် ဝတ်စုံတစ်စုံအခမဲ့ဖြန့်ဝေပေးရာ တိုင်းဒေသကြီးတစ်ခုလုံးတွင် ဝတ်စုံတန်ဖိုးကျပ် ၇၅၂ ဒသမ ၈၆၂၁၇၃ သန်း အခမဲ့ထောက်ပံ့ပေးမည်ဖြစ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပထမတန်းမှစတင်၍ စတုတ္ထတန်းအထိ ပညာရေးဝန်ကြီးဌာနမှကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်ခြောက်အုပ်နှုန်း တန်ဖိုးငွေကျပ် ၄၁၈ ဒသမ ၅၁၇ သန်း အခမဲ့ထောက်ပံ့ပေး
မည်ဖြစ်သည်။
အဆိုပါအခမ်းအနားကို နိုင်ငံသားတိုင်း အခြေခံပညာအဆင့်အလိုက် သတ်မှတ်ထားသည့်ကာလအတွင်း သင်ယူပြီးမြောက်စေရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းရောက်ရှိရေး၊ ကျောင်းနေမြဲရေး၊ ကျောင်း
ထွက်သူပပျောက်ရေးတို့အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းပြင်ပပညာရေးနှင့် တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးချုပ်၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ တက်
ရောက်ကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment