Wednesday, May 31, 2017

စပိန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးအခွန်လိမ်လည်သူဖြစ်လာတဲ့စီရိုနယ်လ်ဒို

Image may contain: 1 person, standing
မေလဲ့သင်း
အခွန်တိမ်းရှောင်မှုကြောင့် မက်ဆီကိုစပိန်တရားရုံးက ထောင်ဒဏ် ၂၁လ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ဒါပေမယ့် စပိန်နိုင်ငံရဲ့ ဥပဒေကြောင်းအရ ပထမဦးဆုံးအကြိမ် ပြစ်ဒဏ်ကျူးလွန်ပြီးထောင်ဒဏ် ၂၄ လအောက်ဆို ထောင်ကျခံစရာမလိုတာကြောင့် မက်ဆီအနေနဲ့ ဂုဏ်သိက္ခာပိုင်းထိခိုက်တာ ကလွဲရင် ထောင်ဒဏ်ကျခံရမှာ မဟုတ်ပါဘူး။ ဒီလို စီရင်ချက် ထွက်လာပြီး သုံးရက်အကြာမှာပဲ စီရိုနယ်လ်ဒိုဟာ စပိန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အခွန်လိမ်လည်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပြန်ပါတယ်။ သူဟာ ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၃ ခုနှစ် အတွင်း ရုပ်ပုံလွှာ အသုံးပြုခကနေ ရရှိတဲ့ဝင်ငွေတွေ အပေါ် အခွန်လိမ်လည်ခဲ့တာလို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါ တယ်။ သူ့အနေနဲ့ ပေါင် ၁၃သန်း စပိန်အစိုးရ ကိုပေးဖို့ ပျက်ကွက်ခဲ့ပြီး စပိန်အခွန် အေဂျင်စီနဲ့ အစိုးရ ရှေ့နေတွေနဲ့ပေါင်းပြီး ဒီကိစ္စရပ်ကို စွဲချက်တင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါ တယ်။
ဒီကိစ္စရပ်ကိုအားကစားဝက်ဘ်ဆိုက် အတော် များများကလည်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် စီရိုနယ်လ်ဒိုအနေနဲ့ အခွန်ရှောင်ခဲ့ တယ်ဆိုတဲ့ သတင်းထွက်လာတာဟာ ပထမဦးဆုံးအကြိမ်မဟုတ်ဘဲ ၂ဝ၁၆ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဒါမျိုး သတင်းတွေ ထွက်ခဲ့ပါတယ်။ သူဟာ အရင်က ဒီလိုမျိုးသတင်းတွေထွက်လာပြီဆိုချက်ချင်းရှင်းလင်း ခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ ထူးထူးခြားခြား နှုတ်ဆိတ်နေပါတယ်။ အဲဒီအချိန်တုန်းက ရီးယဲလ် မက်ဒရစ်ကလည်း သူတို့ကစားသမားကို လေးစာမှုပေးဖို့နဲ့ စီရိုနယ်လ်ဒိုဟာ ဒီလိုစရိုက်မျိုးရှိသူ မဟုတ်ဘူးလို့ တုံ့ပြန် ပေးခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ရီးယဲလ်ရော ကာယကံရှင် စီရို နယ်လ်ဒိုပါ အသံတိတ်နေပါတယ်။ စပိန်အာဏာပိုင်တွေ ကတော့ စီရိုနယ်လ်ဒိုအနေနဲ့ အုပ်ချုပ်ရေးပိုင်း ကိစ္စရပ်တွေမှာ ကျွမ်းကျင်ပိုင်နိုင်မှု မရှိတာကြောင့် ဒီလိုပြဿနာတွေ ဖြစ်လာ ရတာဆိုပြီး အကြောင်းပြမယ်လို့ ကြိုတွက်ထားကြပါ တယ်။ ထင်မြင်ချက်တွေထက် တကယ်ကျူးလွန်၊ မကျူးလွန်ဆိုတာ ကာယ ကံရှင် ကိုယ်တိုင်သာ အသိဆုံးဖြစ်မှာဖြစ်ပေမယ့် နာမည်ကျော်ကစား သမားတွေ အခွန်ကိစ္စနဲ့ပတ်သက်ပြီး အခုလို ပြဿနာပေါ်လာတာဟာ စပိန်နိုင်ငံကို လာရောက်ကစားလိုတဲ့ ကစားသမားတွေကို အနည်းနဲ့အများ တွန့်ဆုတ်သွားစေမှာတော့ အမှန်ပဲ ဖြစ်ပါလိမ့်မယ်။

No comments:

Post a Comment