Wednesday, May 31, 2017

ထိခိုက်အားနည်းလွယ်သူများအတွက်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုရှင်းလင်း

Image may contain: 5 people, people sitting

နေပြည်တော် မေ ၃ဝ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးသည် ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့ (Joint Strategy Team - JST) မှတာဝန်ရှိသူများအား အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ မေ ၂၉ ရက် မွန်းလွဲ ၃ နာရီက လက်ခံတွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် Joint Strategy Team တွင် ပါဝင်သော အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များဖြင့် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့အနေဖြင့် ¤င်းတို့ ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ်ရှိ မကြာသေးမီကာလအတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့်ဒေသ၌ ကာကွယ်စောင့် ရှောက်ရေးနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ လိုအပ်ချက်များ လေ့လာ ဆန်းစစ်မှုအခြေအနေနှင့် နေရပ်ပြန်ရေး နှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ရှေ့ပြေးစီမံချက်အဆိုပြုလွှာတို့ကို တင်ပြ သည်။
ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက် ပိုင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များ တင်ပြရာတွင် တိုက်ပွဲရှောင်ပြည်သူများ အတွက် ဝန်ကြီးဌာနမှ ဆောင်ရွက် မည့်အစီအစဉ်များ၊ ပြန်လည်နေရာချ ထားရေးဆိုင်ရာ ဆောင်ရွက်မည့်အစီ အစဉ်များ၊ ကယ်ဆယ်ရေးစခန်းများရှိ ကျောင်းသားများ ပညာဆက်လက်သင် ကြားခွင့်ရရှိရန် ညှိနှိုင်းပေါင်းစပ်ပေး ရေး၊ တိုက်ပွဲရှောင်ပြည်သူများအတွက် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများရရှိရေး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးရေး၊ လူသားချင်းစာနာမှု အကူအညီ များပေးအပ်ရေးအတွက် နိုင်ငံတော်နှင့် ဒေသခံအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေးတို့ကို တင်ပြခဲ့ပြီး ဝန်ကြီးဌာနဘက်မှလည်း တိုက်ပွဲရှောင် စခန်းများအတွက် လူသားချင်းစာနာ ကူညီမှု၊ အသက်မွေးဝမ်းကျောင်းပညာ ရပ်များ သင်ကြားပေးမှု၊ ဥပဒေနှင့်အညီ ကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ သက်ကြီးရွယ်အို အခွင့် အရေး၊ မသန်စွမ်းသူများ အခွင့်အရေး စသည်ဖြင့် ထိခိုက်အားနည်းလွယ်သူများ အတွက် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး အဖွဲ့၏ တင်ပြချက် များအပေါ် ကူညီဆောင်ရွက်ပေးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment