Monday, May 1, 2017

စေတနာမူလတန်းကြိုကျောင်း(ဝင်္ကပါ)မှ ကျောင်းဆင်းလက်မှတ် ပေးအပ်



Image may contain: 18 people, people standing and indoor
ရန်ကုန် ဧပြီ ၃ဝ
စေတနာမူလတန်းကြိုကျောင်း(ဝင်္ကပါ) ဗဟန်း၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တတိယအကြိမ်မြောက် မူကြိုပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲကို ဧပြီ ၃ဝ ရက် နံနက်ပိုင်းက အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ပြုလုပ်ရာ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ညွန့်ခင်က အမှာစကားပြောကြားပြီး မူကြိုကလေးငယ် ၂ဝ အား မူကြိုပြီးမြောက်ကြောင်းလက်မှတ်ကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များက ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ အမှုဆောင်အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ မိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးသန်း(စိန်တုံးကြီး)

No comments:

Post a Comment