Tuesday, May 2, 2017

အဋ္ဌမတန်း ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများ ပုဂံဒေသရှိ ဘုရားပုထိုးစေတီများ သွားရောက်ဖူးမြော်လေ့လာ

Image may contain: one or more people and outdoor
ညောင်ဦး မေ ၁
ဘက်စုံပညာထူးချွန်လူငယ်အပန်း ဖြေစခန်း(ပုဂံ)သို့ ရောက်ရှိနေသည့် အဋ္ဌမတန်း ဘက်စုံပညာထူးချွန် ကျောင်းသားကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ(ပုဂံ)ဒေသအတွင်းရှိ တန်ခိုးကြီးဘုရားပုထိုးစေတီများကို သွားရောက်ဖူးမြော် လေ့လာကြသည်။
အဋ္ဌမတန်း ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများသည် ပုဂံဒေသရှိ ရွှေစည်းခုံ၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မြစေတီ/ဂူပြောက်ကြီး၊ လောကနန္ဒာစသည့် ဘုရားပုထိုးစေတီများသို့ သွားရောက်ကာ ဘုရားပုထိုးစေတီများတွင် မွမ်းမံထားသည့် ရှေးဟောင်း ဗိသုကာအနုလက်ရာများ၊ နံရံဆေးရေးပန်းချီများအား အသေးစိတ် လေ့လာခဲ့ကြကြောင်း သိရသည်။
(နိုင်လင်းကြည်)

No comments:

Post a Comment