Monday, May 29, 2017

တင်ဒါလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိစေရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်

Image may contain: one or more people, people sitting and indoor
မုံရွာ မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများ လုပ်ငန်းများလုပ်ကိုင်ရန်အတွက် တင်ဒါစနစ်ဖြင့်လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးပြီး တင်ဒါလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိစေရေး အလုပ်ရုံဆွေးနွေးပွဲ ကို မေ ၂၇ ရက် နံနက် ၉ နာရီက မုံရွာမြို့ ခရိုင် စီမံခန့်ခွဲမှုကော်မတီရုံး မြသလ္လာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက တင်ဒါဆိုင်ရာ ညွှန်ကြားချက်များနှင့် ကြီးကြပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ Inc-lusive Myanmar Development Initiative (IMDI) မှ တာဝန်ရှိသူတစ်ဦးက တင်ဒါလုပ်ငန်း
စဉ်များအကြောင်းကို လည်းကောင်းအသီးသီးရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment