Wednesday, May 31, 2017

ဆယ်လ်ဖီတုတ်တံအသုံးပြုအောင်ပွဲခံခဲ့သည့်ဟက်ဒါဖီးလ်ဒ်ကစားသမားများကို ပရိသတ်များဒေါသထွက်

Image may contain: 3 people
မေလဲ့သင်း
ဟက်ဒါဖီးလ်ဒ်အနေဖြင့် ပရီမီယာလိဂ်တန်းတက်ခွင့်အတွက် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ရက်ဒင်းအသင်းကို အနိုင်ရရှိပြီး တန်းတက်ခွင့်ရရှိခဲ့သော်လည်း ကစားသမားများက ကွင်း အတွင်း ဆယ်လ်ဖီတုတ်တံများဖြင့် ဓာတ်ပုံရိုက်အောင်ပွဲခံမှုကြောင့် ပရိသတ်များ၏ အမျက် သင့်ခံနေရကြောင်း သိရသည်။ ပရီမီယာလိဂ်ထိပ်တန်းအသင်းများဖြစ်သည့် အာဆင်နယ်၊ စပါးနှင့် မန်ယူအသင်းတို့သည် ကွင်းအတွင်း ဆယ်လ်ဖီတုတ်တံ အသုံးပြုဓာတ်ပုံရိုက်ကူးမှုကို တားမြစ်ထားသည်။
ဝင်ဘလေကွင်းတွင် ကစားခဲ့သည့် ယင်းပွဲစဉ်တွင် အောင်ပွဲခံနိုင်ခဲ့သည့် ဟက်ဒါဖီးလ် အသင်းမှ ကစားသမားများက ဆယ်လ်ဖီတုတ်တံများအသုံးပြုကာ ဓာတ်ပုံရိုက်ကူးခဲ့ကြ ရေးကိုသာ ဦးစားပေးခဲ့၍ ပရိသတ်များက အမျက်သင့်ကာ တန်းပြန်ဆင်းရသည်နှင့်ပင် ထိုက်တန်ကြောင်း တွစ်တာ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဒေါသတကြီး ဝေဖန် ခဲ့ကြသည်။ ပရိသတ်အများစု၏ မှတ်ချက်များတွင် ကစားသမားများရဲ့အောင်ပွဲကို ဂုဏ်ပြု ခြင်းထက် ဆယ်လ်ဖီတုတ်တံအသုံးပြုမှုကိုသာ အဓိကထားဝေဖန်ခဲ့ကြသည်ကို တွေ့ရသည်။

No comments:

Post a Comment