Tuesday, May 2, 2017

မီးသတ်ယာဉ်များ ရေလွယ်ကူစွာထုတ်ယူနိုင်ရန် မီးသတ်ရေပိုက်ငုတ် ၆ဝဝ ကျော် တပ်ဆင်ထား

Image may contain: one or more people, people standing and outdoor
ရန်ကုန် မေ ၁
ရန်ကုန်မြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ် လာပါက မီးသတ်ယာဉ်များ ရေအလွယ်တကူ ရရှိနိုင်ရန်အတွက် မီးသတ်ရေပိုက်ငုတ် ၆ဝဝ ကျော် တပ်ဆင်ပေးထားကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဒုတိယ ဌာနမှူး ဦးမျိုးသိန်းက ပြောသည်။
''လွန်ခဲ့တဲ့ နှစ်နှစ်က ရန်ကုန်တစ်မြို့လုံးမှာ မီးသတ်ငုတ် ၃ဝဝ လောက်ပဲရှိတယ်။ အခု ၆ဝဝ ကျော် တိုးမြှင့်တပ်ဆင်ပြီးသွားပါပြီ။ ရွှေပြည်သာမှာ အရင်က ရေပိုက်လိုင်းမရှိဘူး။ အခု ရေပိုက်လိုင်း တပ်ဆင်ပြီးချိန်မှာပဲ ရွှေပြည်သာမှာ မီးသတ်ငုတ်တွေ တပ်ဆင်ပေး ထားတယ်။ ရန်ကုန်တစ်မြို့လုံးကို မီးသတ်ငုတ် တွေ လွှမ်းခြုံနေပါပြီ''ဟု ဦးမျိုးသိန်းက ပြောသည်။
လက်ရှိတွင် ဝေဇယန္တာလမ်းတစ်လျှောက်၊ ရန်ကုန်ပြည်လမ်းတစ်လျှောက်၊ အောက် မင်္ဂလာဒုံလမ်းတစ်လျှောက်၊ ရွှေပြည်သာနှင့် ဘုရင့်နောင်လမ်းတစ်လျှောက်တို့တွင်လည်း မီးသတ်ရေပိုက်ငုတ်များ တပ်ဆင်ပေးထား ကြောင်း သိရသည်။
''အခုလို မီးသတ်ရေပိုက်ငုတ်တွေ တပ်ဆင် ပေးတာကောင်းပါတယ်။ အရေးပေါ်မီးဘေး အန္တရာယ်နဲ့ကြုံတွေ့တဲ့အခါမျိုးမှာ ရေ လုံလောက်မှုမရှိတာတွေကို ပူစရာမလိုတော့ ဘူးပေါ့။ ရေသယ်တဲ့အချိန် မပေးရတဲ့အတွက် လည်း ဆုံးရှုံးမှုတွေနည်းသွားတာပေါ့။ မီးသတ် ရေပိုက်ငုတ်တွေ နေရာတိုင်းမှာ တပ်ဆင်ထား နိုင်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ သုံးစွဲ တဲ့အခါမှာလည်း ရေရဖို့တော့ လိုတာပေါ့''ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည့် ဦးမြင့်အောင်က ပြောသည်။
မီးသတ်ရေပိုက်ငုတ်များ တပ်ဆင်ရာတွင် အချက်အချာကျသည့်နေရာများ၊ ယာဉ်အဝင် အထွက်လုပ်နိုင်သည့်နေရာများ၊ မီးဘေး အန္တရာယ်ရှိသည့် လူစည်ကားရာနေရာများ တွင် အများဆုံးတပ်ဆင်ထားပြီး ရှေ့ဆက်၍ လည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇာနည်မောင်၊ အေးမင်းသူ၊
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment