Sunday, April 30, 2017

Osaka University of Tourism, Nay Pyi Tawကို ဒေါ်လာသန်း ၂ဝဝ အကုန်အကျခံ တည်ဆောက်ရန်လျာထား



 နေပြည်တော် ဧပြီ ၂၉ 


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် သည် ဂျပန်နိုင်ငံရှိOsaka University of Tourism မှ Vice President Ms. Mikiko OHASHI နှင့် Regional Vitalization Support Mechanism Co., Ltdမှ President ဖြစ်သူ Mr. Kiyoaki Kamiyama တို့ ဦးဆောင်သော အဖွဲ့နှင့် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် တွေ့ဆုံ၍ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

Osaka University of Tourism မှVice President Ms. Mikiko OHASHI က မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုရန်အတွက် နေပြည်တော်တွင် Tourism University တစ်ခု တည်ဆောက်လိုပါကြောင်း၊ ယင်း Universityတွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်တစ်လုံးပါ ပူးတွဲတည်ဆောက်မည်ဖြစ်၍ ပညာသင်ယူသော ကျောင်းသား ကျောင်းသူများအတွက်ပါinternship ပြုလုပ်နိုင်မည်ဖြစ်ပြီး သင်တန်းသားများ အတွက်လည်း ဟိုတယ်မှတစ်ဖက်တစ်လမ်းဝင်ငွေရရှိနိုင်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြ ရာ ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေသည်သာမက နေပြည်တော်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက်ကိုပါ အထောက်အကူပြုပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးမည်ဖြစ်ပါကြောင်းဖြင့် ပြန်လည် ဆွေးနွေးသည်။

အဆိုပါ Osaka University of Tourism, Nay Pyi Taw ကို အမေရိကန် ဒေါ်လာ သန်း ၂ဝဝ အကုန်အကျခံ တည်ဆောက်ရန်လျာထားပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် Osaka University ၏ နှစ်၁ဝဝပြည့် နှင့်တိုက်ဆိုင်၍ ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment