Sunday, April 30, 2017

ယုဇနတန်ဖိုးနည်းအိမ်ရာစီမံကိန်း အပိုင်းသုံးပိုင်းတည်ဆောက်ပြီးစီးမှုအခြေအနေ ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး




Image may contain: 5 people, people standing and wedding
ရန်ကုန် ဧပြီ ၂၉


ရန်ကုန်တိုင်းဒေသကြီး သန်လျင်-ကျောက်တန်းမြို့နယ်တွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူတည်ဆောက် နေသော သီလဝါစက်မှု ဇုန်အိမ်ရာ စီမံကိန်းလုပ်ငန်းခွင်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သည် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိပြီး အိမ်ရာစီမံကိန်း မြေနေရာအခြေအနေ၊ အိမ်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် အောင်ချမ်းသာ အပိုင်း(၂) အဆင့်မြင့်အိမ်ရာ စီမံကိန်း သန်လျင်စီမံကိန်း လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ပြည်သူများ နေထိုင်နိုင်ရန် အိမ်ခန်းများ အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရေးအတွက် မိမိယခု လာရောက်ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါကြောင်း၊ လိုအပ်သည့်အခက်အခဲများရှိပါက ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များဘက်မှ သတ်မှတ်အချိန်မီ လုပ်ငန်းများ ပြီးစီးရေး၊ အရည်အသွေးစံချိန် စံòန်းပြည့်မီရေး ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

ယင်းနောက် ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာအပိုင်း(၁)၊ (၂)နှင့် အပိုင်း(၃)တို့ တည်ဆောက်ပြီးစီးမှုအခြေအနေကို လည်းကောင်း၊ ကနောင်အိမ်ရာ တည်ဆောက်ပြီးစီးမှု အခြေ အနေကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။ 

ယခုတည်ဆောက်ပြီးစီးသည့် ယုဇနတန်ဖိုးနည်းအိမ်ရာ စီမံကိန်း အပိုင်း(၁)တွင် ခြောက်ခန်းတွဲ လေးထပ်၊ တိုက် ၁၂ လုံး၊ အခန်း ၂၈၈ ခန်း၊ ရှစ်ခန်းတွဲလေးထပ်၊ တိုက် ၁၈ လုံး၊ အခန်း ၅၇၆ ခန်း စုစုပေါင်း ၈၆၄ ခန်း ၊ အပိုင်း(၂)တွင် ခြောက်ခန်းတွဲ လေးထပ်၊ တိုက် ၁၂ လုံး၊ အခန်း၂၈၈ ခန်း ၊ ရှစ်ခန်းတွဲ လေးထပ်၊ တိုက် ၂၈ လုံး၊ အခန်း ၈၆၄ ခန်း စုစုပေါင်း ၁၁၅၂ ခန်း၊ အပိုင်း(၃)တွင် ရှစ်ခန်းတွဲ ငါးထပ်၊ တိုက်အလုံး ၄ဝ ၊ အခန်းပေါင်း ၁၅၇၆ ခန်း တည်ဆောက်ပြီးစီးလျက်ရှိသည်။

နေ့လယ်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာ စီမံကိန်းသို့ ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်း တွင် လေးထောင့်ကန် အိမ်ရာစီမံကိန်း တည်ဆောက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment