Monday, April 3, 2017

အင်ဒိုနီးရှားရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် နိုင်ငံခြားရေယာဉ် ၈၁ စင်း ဖျက်ဆီး


Image may contain: sky, cloud, ocean, outdoor and water
ဂျကာတာ ဧပြီ ၂
အင်ဒိုနီးရှားရေပိုင်နက်အတွင်း ဥပဒေမဲ့ ငါးခိုးဖမ်းမှုပြုလုပ်သော နိုင်ငံခြားရေယာဉ် ၈၁ စင်းကို အာဏာပိုင်များက ဖျက်ဆီးလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဧပြီ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။
အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းစုတစ်ဝန်း နေရာပေါင်း ၁၂ နေရာတွင် ငါးခိုးဖမ်းသည့် နိုင်ငံခြားရေယာဉ်များကို ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ မာလူကူးပြည်နယ် အမ်ဘွန်ပင်လယ်ဆိပ်ကမ်း၌ နိုင်ငံခြားငါးဖမ်းရေယာဉ်နှစ်စင်းကို ပင်လယ်ရေကြောင်းရေးရာနှင့် ရေလုပ်ငန်းဝန်ကြီး ဆူစီပတ်ဂျီယာစတူတီ၏ ရှေ့မှောက်တွင် ဖျက်ဆီးပစ်ခဲ့သည်။
မိမိ၏နိုင်ငံ အချုပ်အခြာအာဏာပိုင်စိုးရေးအတွက် အရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဥပဒေမဲ့ ငါးခိုးဖမ်းမှုများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂ဝ၁၄ ခုနှစ်နောက်ပိုင်း နိုင်ငံခြား ငါးဖမ်းရေယာဉ် ၃၁၇ စင်းကို ဖျက်ဆီးပစ်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ရေပြင်နယ်နိမိတ်အတွင်း ငါးခိုးဖမ်းမှုများကို လက်ခံနိုင်မည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ငါးဖမ်းရေယာဉ်အများစုမှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်ကြသည်။
ပီတီအိုင်။

No comments:

Post a Comment