ပေကျင်း ဧပြီ ၂၆
တရုတ်နိုင်ငံ၏ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောကြီးကို ဧပြီ ၂၆ ရက် နံနက်က နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်း ပြည်နယ်ရှိ တလျံသင်္ဘောကျင်းတွင် ရေချပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ၏ ပထမဆုံးသော ပြည်တွင်း၌ တည်ဆောက်သည့် လေယာဉ်တင်သင်္ဘောသစ် ရေချပွဲအခမ်း အနားကို တရုတ်သင်္ဘောတည်ဆောက်ရေး စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း၏ တလျံသင်္ဘောကျင်းတွင် ဧပြီ ၂၆ ရက် နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘောကြီးမှာ လျောင်နင်းအမည်ရှိပြီး ဆိုဗီယက်ပြည်ထောင်စုက တည်ဆောက်ခဲ့သော လေယာဉ်တင်သင်္ဘောဟောင်း တစ်စင်းကို ပြန်လည်မွမ်းမံပြင်ဆင်ကာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ လျောင်နင်းအမည်ရှိ လေယာဉ်တင်သင်္ဘောကို တရုတ်ပြည်သူ့လွတ်လပ်ရေးတပ်မတော်၏ ရေတပ်က ၂ဝ၁၂ ခုနှစ်တွင် တပ်တော်ဝင်အခမ်းအနားဖြင့် အင်အားဖြည့်တင်းခဲ့သည်။
ဆင်ဟွာ။
No comments:
Post a Comment