ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ၏ OCHA Donor Support Group (ODSG)အလှူ ရှင်များသည် ရခိုင်ပြည်နယ်ဆိုင်ရာကူညီထောက်ပံ့လှူဒါန်းထားရှိမှုများ နှင့်ပတ်သက်သည့် လုပ်ဆောင်ချက် များနှင့် ထပ်မံလိုအပ်မှုများကို သိရှိ နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)၌ လာရောက်တွေ့ဆုံသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော် အေးသိန်းက အမှာစကားပြောကြား သည်။
ယင်းနောက် ငွေကြေးကူညီ ထောက်ပံ့ပေးရေးအဖွဲ့အစည်းဥက္ကဋ္ဌ Carol Chan က နှုတ်ခွန်းဆက် စကားပြောကြားရာတွင် အလှူရှင်များ သည် အထောက်အပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်၍ လိုအပ်သော နေရာများတွင် ပြည့်စုံမှုအခြေအနေရှိ၊ မရှိ လာရောက်လေ့လာခြင်းဖြစ် ကြောင်း၊ အလှူရှင်များအနေဖြင့် မိမိတို့ လှူဒါန်းထားသောအဖွဲ့အစည်း လုပ်ဆောင်ချက်များကို သိရန်လိုအပ် သကဲ့သို့ မိမိတို့အဖွဲ့အနေဖြင့် လက်ရှိ အခြေအနေကို ပိုမိုသိရှိနားလည်ရန် နှင့် လုပ်ဆောင်ချက်များကို သိလို သည့်အတွက် လာရောက်ခြင်းဖြစ်ကာ လိုအပ်ချက်များကိုလည်း ထပ်မံ လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အတွင်းရေးမှူး ဦးတင်မောင် ဆွေက ရခိုင်ပြည်နယ်တွင် ခရိုင်ငါးခု၊ မြို့နယ် ၁၇ ခုနှင့် မြို့ ကိုးခုဖွဲ့စည်း ထားကြောင်း၊ ယင်းမြို့နယ်များထဲတွင် မောင်တောမြို့နယ်မှလွဲ၍ ကျန် မြို့နယ်များမှာ အေးချမ်းကာ ဖွံ့ဖြိုး တိုးတက်ရန် အလားအလာကောင်း များရှိနေကြောင်း၊ ဒီမိုကရေစီအစိုးရ သစ်လက်ထက်တွင် တိုးတက်သမျှ တိုးတက်အောင် ဆောင်ရွက်နေခြင်း ကြောင့် ဖွံ့ဖြိုးတိုးတက်သင့်သလောက် တိုးတက်မှုများရှိနေပြီဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
အစည်းအဝေးအပြီးတွင် ကုလ သမဂ္ဂလူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ညှိနှိုင်းရေးရုံး( OCHA)၏OCHA Donor Support Group (ODSG) အလှူရှင်များအဖွဲ့မှ အလှူ ရှင်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း က ရခိုင်ပြည်နယ်နောက်ခံ သမိုင်း ကြောင်းစာအုပ်ကို တစ်ဦးချင်းစီအား လက်ဆောင်အဖြစ် ဝေငှပေးသည်။
သတင်း မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ မောင်မောင်သန့်(ကြေးမုံ)
ဓာတ်ပုံ မောင်မောင်သန့်(ကြေးမုံ)
No comments:
Post a Comment