Saturday, April 29, 2017

နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ

Image may contain: one or more people and crowd
နေပြည်တော် ဧပြီ ၂၈
နိုင်ငံတော်အစိုးရ၏ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်း ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းအေး ကိုနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ တက်ရောက်ကြသည်။
ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန၏ ရည်ရွယ်ချက်များ၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ၊NCA တစ်နှစ်တာသက်တမ်းနှင့် အနာဂတ် မျှော်မှန်းချက်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ခေတ္တအမြဲ တမ်းအတွင်းဝန် ဦးထွန်းအုံက မြန်မာနိုင်ငံရှိ ဘုရားပုထိုး စေတီကြီးများတွင် ဗုဒ္ဓဝေယျာဝစ္စလုပ်ငန်းများ လုပ်ဆောင် ခြင်း၊ အမုန်းစကားကာကွယ်တားဆီးရေးဥပဒေ(မူကြမ်း)ရေးဆွဲခြင်း၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံအမွေအနှစ် ဒေသရှိ ရှေးဟောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီး မှုများ ပြုပြင်မှုအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်ခြင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်း သိမ်းရေးဥပဒေနှင့် နည်းဥပဒေပြဋ္ဌာန်းခြင်း၊ ပုဂံ၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ မြစေတီ(ရာဇကုမာရ်)ကျောက်စာ၊ ဘုရင့်နောင်မင်းတရားကြီး ခေါင်းလောင်းစာ တို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) ထိန်းသိမ်းမွမ်းမံခြင်း၊ မြန်မာ့အနုသုခုမဆိုင်ရာပညာရပ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်များ၏ ဆောင်ရွက်ချက်များ၊ မြန်မာသမိုင်း သုတေသနစာတမ်းများကို ရေးသားပြုစုခြင်း၊ စာကြည့် တိုက်စီမံခန့်ခွဲမှုပညာဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချ ခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန များ၏ တစ်နှစ်တာဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေး သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးတင့်သွင်က ခရီးသွားမူဝါဒချမှတ်ခြင်း၊ တည်ဆဲဥပဒေများ၏ စိုးမိုးမှုရှိစေခြင်း၊ နိုင်ငံတကာနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ခြင်း၊ တာဝန်သိခရီးသွားလုပ်ငန်း မျှော်မှန်းချက်များ၊ ခရီးသွား လုပ်ငန်း၏ ရှေ့လုပ်ငန်းစဉ်များ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် လူနေမှု အဆင့်မြှင့်တင်ရေး၊ ဈေးကွက်ရှာဖွေရေးနှင့် မြှင့်တင်ရေး စသည်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမင်းအေးကိုက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာခြင်း၊ ဝန်ကြီး ဌာန၏ မျှော်မှန်းချက်၊ မူဝါဒနှင့် ရည်မှန်းချက်၊ တိုင်းရင်း သားစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် အခွင့်အရေး များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ တိုင်းဒေသကြီး နှင့်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် ဆောင်ရွက်ခဲ့မှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဦးစီးဌာနရုံးများဖွင့်လှစ်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများက အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံသားစိစစ်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ ကိုလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရွှေတိဂုံစေတီ တော်၌ ရွှေပြားကပ်လှူမည့်ကိစ္စ၊ လှူဒါန်းငွေများ စနစ် တကျထိန်းသိမ်းနေမှုနှင့် ဝန်ထမ်းများ လစာကိစ္စ၊ ဆရာတော်ဦးဝီရသူ၏ တိပ်ပိတ်တရားဟောနေသည့်ကိစ္စ၊ မြန်မာ့သမိုင်းအမှန် ဆောင်ရွက်မှုကိစ္စ၊ သာသနိက အဆောက်အအုံများ၌ ဒရုန်းပျံသန်းမှုကိစ္စ၊ ဘာသာ အလိုက်ဘုရားဖူးစေလွှတ်မှု ကိစ္စရပ်များကိုလည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ဇီကာဗိုင်းရပ်စ်နောက်ဆုံးအခြေအနေ၊ ပြည်သူ့ဆေးရုံများ၌ လူနာများအပေါ် နွေးထွေးစွာဆက်ဆံ ရေး၊ ဆေးဝါးများပြင်ပမှ ဝယ်ယူနေမှု၊ မှုခင်းဆေးစာနောက် ကျနေမှု၊ ဆီးချို၊ သွေးချိုစသည့် မကူးစက်သော ရောဂါများ ကာကွယ်ကုသနေမှုကိစ္စရပ်များကိုလည်းကောင်း၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍Home Stay နေထိုင်လည်ပတ်ခွင့်၊ ပုဂံ-ဘန်ကောက
် ခရီးစဉ်ဆောင်ရွက်မည့်အခြေအနေ၊ ကျေးရွာ အခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်မှုနှင့် ခရီးသွား လုပ်ငန်းလိုင်စင် ထုတ်ပေးမှုအခြေအနေများကိုလည်း ကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စစ်ဘေးသင့်ဒေသများ အရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း မေးမြန်းကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment